Pages

Showing posts with label တိုက်ပွဲခေါ်သံကဗျာများ. Show all posts
Showing posts with label တိုက်ပွဲခေါ်သံကဗျာများ. Show all posts

Saturday, August 25, 2007

အမိမြေအတွက်သွေးချွေးစတေး..ကျွန်တော်တို့ ၈၈၈၈ ကျောင်းသားလေးများ



သိပ်လည်းမကြောက်ပါနဲ့  ..နအဖ
ဒို့တတွေလက်ထဲမှာ..
ရှေ့ တဲ့တဲ့ကမှန်အောင်ပစ်တဲ့ လက်နက်မရှိ.
တိုင်းပြည်ရဲ့ထွက်သမျှဘဏ္ဍာသိုက်လည်းမရှိ.
ပြည်သူဆီကဂုတ်သွေးစုတ်ထား..လာဘ်လာဘများလည်းမရှိ
မတရား..ရေပေါ်ဆီလူတန်းစား..စည်းစိမ်များမရှိ.
မဆန့် မပြဲ..မဟားဒယားစား..ဗိုက်ပူကားကားကြီးများမရှိ.
သမီးငယ်အတွက်..စိန်မဆိုထား..ပလပ်စတစ်လက်ကောက်လေးတောင်မရှိ

လှေလှော်နေစဉ် တက်ကျိုး..
မဆလရဲ့စံနစ်ဆိုး..
ကံဆိုးတဲ့အချိန်မှာအမေကမွေး
၈၈၈၈ကျောင်းသားလေးတွေပါခင်ဗျာ.

၈၈၈၈ကာလ
တဲ့တဲ့ပစ်ချတဲ့..လူသတ်ကျည်ဆန်
ဘေးနားကယောင်းရင်းတွေကိုမှန်
သွေးချောင်းလည်းစီးခဲ့
အသက်သွေးချွေးနဲ့ စတေးခဲ့
စာသင်ခန်းနဲ့ဝေးရဲ့
မိဘများလည်းပူဆွေးခဲ့
တောကြီးမြိုင်လည်.ဆင်းရဲငတ်ခဲ့
လန်းအောင်မပွင့်ရသေးခင် အကြွေစောတဲ့ပန်း
ဘ၀များနွမ်းကြေ
သွေးနဲ့ မျက်ရည်..မုန်တိုင်းကြားထဲ
ကံဆိုးမွဲတဲ့မျိုးဆက်လူငယ်..
အခုကျွန်တော်တို့ ..ဒုတိယအရွယ်ထဲမှာ။.

မဆလ ၂၆ နှစ်..န၀တ ၁၉ နှစ်.
၄၅ နှစ်သက်တမ်းထဲ..
တိုင်းပြည်က..တဖြေးဖြေးမွဲ..
ပြည်သူတွေ..ဆင်းရဲ.
ခလေးတွေ..ပညာတောင်မရှိဘဲ..
နောင်အနာဂတ်..တိုင်းပြည်ဘယ်လိုဆက်ရပ်ကြမှာတုန်း..
နောင်လာမဲ့မျိုးဆက်သစ်..
ကျုပ်တို့ လို ထပ်အဖြစ်မခံနိုင်ဘူး
အနာဂတ်အတွက်တိုင်းပြည်သစ်..
ကျုပ်တို့ အနင်းခံဘ၀..စတေးရင် စတေးရပစေ.
ကျုပ်တို့ အားလုံး..ရှင်နေသော်လည်း
အာဏာရှင်အောက်မှ..သေလူများ…
မကြောက်တမ်း..မရွံ့ တမ်း..သေသွားစမ်းပစေ.
တွန်ခဲ့ပြီ..ခွပ်ဒေါင်းအိုးဝေ..
မသေမချင်း ဆက်တိုက်မဲ့ သံဓိဌာန်.
နောက်ဆုံးတယောက်ဘဲကျန်ကျန်..
လွင့်နေဦးမဲ့ ဒေါင်းဇာတိမာန်..ဒို့ ဒေါင်းအလံ။

လက်မှတ်တိုးပြီးလူစု..
အဖြူရောင်ရဲ့လှုပ်ရှားမှု..
ဒါ ရာဇ၀တ်မှုလား.. ရီစရာ..ဟား..ဟား..ဟား

ဝတ်ပြုဆုတောင်းရုံကလွဲ..ဘာအကြမ်းမှမဖက်ဘဲ..
အမြင်ကပ်ပုဒ်မနဲ့ ဆွဲတာ ဘယ်သူလဲ။
အဖြူရောင်ရှင်းသန့် စွာဝတ်ဆင်..
တနင်္ဂနွေနေ့ တိုင်းတွင်..
ဆီဈေးတက်..ကားခမရှိလို့လမ်းလျှောက်..
မရှိတဲ့..မတရားတဲ့ ဥပဒေကြီးနဲ့ချောက်နေတာ..
ဘယ်သူ မတရားတာ.တရားတာ
ပြည်သူများသိတယ်။

ဒို့ တတွေဟာ..၈၈၈၈ကျောင်းသား
ကံခေသူနင်းပြားလူတန်းစား...
အနာဂတ်အတွက် စာနာစွာအလုပ်လုပ်.
နိုင်ငံ နွံ့ ထဲမမြုပ်စေဖို့ 
အာဏာရှင်စံနစ်ကို အပြုတ်ဖြုတ်
ကျွန်တော်တို့ တော်လှန်ရေး လုပ်နေ..
အမိပြည်သူအပေါင်း..လက်တွဲပါဝင်စေချင်..
တွဲလက်များ..ခိုင်မာလျှင်
နေခြည်မှာ..မြုခိုးလွင့်ပျောက်..
မြန်မာပြည်..ပြန်လည်.နိုးထ ရောင်နီမိုးသောက်အောင်.။.

မသဒ္ဓါ (၈။၂၆။၂၀၀၇)..

Friday, August 24, 2007

ရှေ့ သို့ ရဲရဲချီတက်.ဒို့ လင်းလက်မဲ့အနာဂတ်အတွက်..


ဒို့ တတွေဟာ..ဗမာပြည်သူပြည်သား
ဗြဟ္မာစိုရ်တရားနဲ့ လူသား..
ဂရုဏာတရားရှိတယ်..မေတ္တာများရှိတယ်.
ကျေးဇူးများသိတယ်..မုဒိတာတရားရှိတယ်။
ဆာလောင်မှုရှိတယ်..ကိုယ်ချင်းစာတရားထားရှိတယ်.။

ဒို့ တတွေဟာ လူသား
လွတ်လပ်မှုကိုမင်.ဖိနှိပ်မှုမခံချင်.
မတရားမှုကိုစက်ဆုတ်..မင်းမဲ့စရိုက်ကိုရွံ့ မုန်း
ဒီမြေပေါ်တူတူမွေး..ဒီပြေရဲ့သွေး
ဒီမြေအတွက်.အလုပ်တူတူလုပ်.
အချင်းချင်းရေပေါ်ဆီဟန်လုပ်.
အခွင့်အရေး.ဂုတ်သွေးစုတ်တာခံရမလား..
သွေးရဲတဲ့ဗမာပြည်သား.
မိစ္ဆာများကိုတွန်းလှန်ဖို့ အသင့်ပြင်ထား
ခုအချိန်ကျပြီဘဲ.တော်လှန်ရဲစို့  တူတူညီ.

အမိမြေကို..ဒို့ကာကွယ်ရမယ်။..
အမျိုးသားရေး.စောင့်ရှောက်ပေးရမယ်။
မျိုးနွယ်ရှင်သန်ရေး..ထိန်းသိမ်းပေးရမယ်..
အနာဂတ်အတွက် စေတနာထားရမယ်။
ရဲရဲဝံ့ အမှန်တရားအတွက်..
သွေးနဲ့ အသက်..ပေးလျှက်ထားစေ..ဒို့ ည်ီစေ။

ဒီတော်လှန်ရေးထဲ..အသင်ဘဲသေသေ..
ကျွန်ုပ်ပဲကြေကြေ..ဘာမထီအားတင်းစေ
တဗိုလ်ကျ တဗိုလ်တက်..ရှေ့ ဆက်တက်မဲ့ခြေလှမ်းများ..
သွေးသောက်သားချင်းရဲ့ဇာနည်စိတ်ဓါတ်
သွေးတစက်ကျန်သေးသည်အထိ..
ဆက်တိုက်ကြစို့ ..
အမိမြေရဲ့ လွတ်လပ်ရေးသို့ 
အနာဂတ်ရဲ့ ငြိမ်းချမ်းရေးသို့ 
ညီညာစေ..အများ..ပန်းတိုင်သို့ ဆက်သွားကြရအောင်
လာလာလေ တွက်ခဲ့.။
လာလာလေ..ရှေ့ တက်ခဲ့။
အားငယ်ရင်..ဒို့ လက်ကိုတွဲ..
တော်လှန်ရေးပြည်လုံးကျွတ်ဆင်ကာနွဲ..
အမှန်တရားအတွက်တော်လှန်တိုက်ပွဲ
ဒီ..အရေးတော်ပုံ..အောင်မှာမလွဲ..
ယောင်းရင်းတို့ ရေ..
ဟေ..လာ..မောင်ရို့ ..၀ါး။

မသဒ္ဓါ (၈။၂၄။၂၀၀ရ)..

Tuesday, August 21, 2007

အရေးကြီးပြီ.သွေးစည်းကြစို့ .လမ်းလျှောက်ကြဖို့ ဒို့ ခေါ်

ဒီမိုကရေစီ..နဲ့ လွတ်လပ်ရေးပန်းတိုင်
အိမ်မက်လမ်း..သို့ ရွယ်မှန်းပိုင်ပိုင်
တလှမ်းခြင်းလှမ်း..မနားတမ်းလျှောက်ကြစို့ 
အားလုံးအတူတူတွဲ..ရင်ကာဆိုင်
ကြောက်ရင်လွဲ...ရဲရင်..ဒို့ နိုင်ပြီ
မလျှော့ ဇွဲလုံ့ လခိုင်ခိုင်
ဆက်လျှောက်နေစေ
ဒို့ အောင်ပွဲ..ပြီးဆုံးသွားသည့်တိုင်။

မသဒ္ဓါ (၈။၂၀။၂၀၀၇)

Sunday, August 19, 2007

တက်ခြေညီညီ..ပန်းတိုင်ဆီသွားမဲ့..ဒီခြေလှမ်းများ..




လူ့ ဘ၀..မွေးကတည်းက..ပါလာခဲ့တဲ့ခြေများ..
ရွေ့ လျားခရီး သွားဖို့ လေ..
မရပ်မနား..လမ်းလျောက်ဖို့ လေ။

စွမ်းအားနဲ့ လူသားဦးနှောက်..
အချိန်မကုန်..ခရီးပေါက်..
တီထွင်ခဲ့တဲ့ဘီး
တစ်ဘီး..နှစ်ဘီး..ဘီးအများကြီးနဲ့စက်ဘီး
တိရိစ္ဆာန်ဆွဲသည့်ယာဉ်.ရထား.
ရေနွေးအင်ဂျင်မီးရထား..လောင်စာအင်ဂျင်သုံးကား
နေရောင်ခြည် ဘက်ထရီသုံးယာဉ်များ..
အဆင့်ဆင့်တီထွင်..
လူမှ လူသာ အံ့မခမ်းဂုဏ်အင်..

လူရဲ့အဆင့်အတန်း..
ဤခြေလှမ်းများကပြောခဲ့..
သယံဇာတပေါကြွယ်ရာ..အမိရွှေပြည်..
အလျှံအပယ်..ဒို့ မြေအောက်က..ရေနံရွှေရည်..
ဖူလုံပြည့်ဝ..ပြည်ပတောင်ရောင်းရတဲ့.လောင်စာသဘာဝရည်..
နေရောင်ခြည်..ကြဲကြဲနဲ့ ..ပူနွေးတဲ့ ဌာနေရေမြေ.
အမိရယ်တဲ့မှ.. ဒို့ ဗမာပြည်

ချဉ်သီးပင်အောက်..ချဉ်သီးရှား
ရွှေမြေရဲ့ အပေါ် အကြင်နာခေါင်းပါး..
န၀တရဲ့ လုသတ်သမားများ
ဒင်းတို့ ဦးဏှောက်မရှိ..ခြကစား..
နိုင်ငံခြားငွေရဖို့ ဘဲသိ
လာဘ်စားဖို့ ဘဲ..သိ.
တိုင်းပြည်ထမင်းဝရေး..ဘယ်မတွေးကြည့်
ရှိ..ရှိသည့်..လောင်စာရေ..
စစ်တပ်ဘဏ္ဍာ..ဖြစ်စေဖို့ ။

သားအရင်း ကို..အမှိုက်တောင်းတဲ့စွန့် .
သွေးမရင်းတာတွေ..ကို ၀မ်ဝမ်စွေ့ နဲ့ ..အစာခွန့် 
အရဲစွန့် တော်လှန်သူ..မျိုးဆက်များကိုအပြုတ်
အာဏာရှင်..ဂုတ်သွေးစုတ်
ဒင်းတို့ ကမှ..အယုတ်..

အသိခေါက်ခက်..အ၀င်နက်
မှန်တာပြောလည်း..အပြင်ခက်
အမြင်ကတ်ပုဒ်မနဲ့ ..အသက်ထွက်
ဘုရားပေါ်တက်..စပိုင်က ချက်
လာဘ်မပေးက..အ၀င်မညက်
မကျမ်းမာက..ဆေးပြတ်လျှက်.
သေပြန်ပါလည်း..သဂ်ြင်္ င်္ိုလ် ခက်
စပါးထွက်လျှက်..ဆန်အ၀ယ်ခက်..
သီးနှံပေါ လျှက်..ငတ်နေလျှက်
ပင်လယ်ရှိလျှက်.ငါးရှားလျှက်.
ရေနံတွက်လျှက်..ဆီဈေးကရိပ်ရိပ်တက်..
ပြည်သူအတွက်...ဘာမရှိ
ပြည်သူ ကို..ပေးစားရမှန်းမသိ
စစ်အစိုးရသိတာ..တဖို့ ဘဲရှိ..

ဟေ့...ဖိနှိပ်တိုင်း ဦးကျိုးရမလား..
ဒို့ တွေဟာ..အံ့မခန်း..မဟာလူသား
ဘုရားပေးထားတဲ့..ဒီခြေထောက်..
မနားတမ်း...ဆက်လျှောက်မယ်..
ဒီမိုကရေစီဆိုတာ..မရမချင်း...ဒို့ တမျိုးလုံးမျက်နှာငယ်..
ကြိုးပမ်းစွာ..ပုခုံးထမ်း..အရေးတော်ပုံအောင်ရမယ်..

မသဒ္ဓါ (၈။၁၉။၂၀၀၇)
ကိုယ်ခြေထောက်ပေါ်လမ်းလျှောက်ရဲသော ကိုမင်းကိုနိုင်နှင့် မြန်မာပြည်သူများသို့  ..(လေးစားပါတယ်မောင်လေးရေ.အမြဲဂုဏ်ယူနေပါတယ်)

Friday, August 17, 2007

ဒို့ တတွေ..မညံ့ဘူး..မိုးတိမ်လွှာကို.ခူးနိုင်မဲ့လူများ.။


ကြိုးတန်းပေါ် လမ်းလျှောက်စဉ်ကာလ
အောက်ကို ငုံမကြည့်လိုက်နဲ့ 
မှန်မှန်သာ..မင်းခြေလှမ်း
တလှမ်းပြီး..တလှမ်း
လျှောက်စမ်းခဲ့စေချင်
အားတင်းထားကွာ..မင်းလုပ်နိုင်ပါတယ်.။

ရေပြင်ထဲ.ရေကူးစဉ်ခဏ..
နစ်ဖို့ ကို မစဉ်းစားလိုက်နဲ့ 
မှန်မှန်သာလက်တကမ်း
လက်ပစ်ပြီးလှမ်း..
ကူးခတ်ခဲ့စမ်းစေချင်..
ဇွဲရင်းထားကွာ..မင်းလုပ်နိုင်ပါတယ်.။

တောင်စောက်မတ်ကိုတွယ်တက်စဉ်ကာလ..
သံသယမရှိစမ်းနဲ့ 
တက်ခြေလှမ်းသာရဲရဲ
တွယ်ငင်လက်ကိုခိုင်မြဲ.
တလက်မချင်းအပေါ်သို့ ရွှေ့ လျား
အထက်ဖျားတက်စေချင်..
သတ္တိထားကွာ..မင်းလုပ်နိုင်ပါတယ်.။

ပုဆိန်ရိုးရဲ့လက်ချက်
ကိုယ့်အသား ကိုယ်လှီးကာချက်
သူတို့ ရဲ့လက်ချက်နဲ့ စနက်
မျိုးချစ်များရဲ့ ခရီးထွက်မဲ့..အနာဂတ်လှေများ
တစင်းပြီး..တစင်းနစ်မြုပ်နေဆဲကာလ
ပန်းတိုင်ကိုဘယ်ကစကြ..မလည်း
လက်လျှော့ ပန်းပေး..မင်းလူညံ့လေးလုပ်မလား
ပန်းတိုင်ရှေ့ တက်ထောင်..မင်းလူရည်ချွန်လုပ်မလား..မောင်။
စဉ်းစား..စဉ်းစား..မင်းအနာဂတ်..မင်းပိုင်ချင်ခဲ့ရင်

လှေမရှိခိုက်ခဏ..ဆားဒယ်နဲ့ ဘဲခရီးနှင်..
ဘယ်လက်နက်မဆို..သုံးတတ်ရင်.အသုံးဝင်
ဥာဏ်ဝီရိယနဲ့ ထွေခင်း
စွမ်းအားနဲ့  အသက်ရင်း
ပန်းတိုင်ရောက်ဖို့ သာလိုရင်း
ဘယ်လှေနဲ့ ဘဲခင်းခင်း
ဘယ်ရေခင်းသံ..ဘဲ သံပြိုင် ဆိုဆို
တဖြေးဖြေး..ချီစေ..ရှေ့ ကိုတိုး
မညှိုးစေမဲ့..ဂုဏ်ရှိန်တေဇာ
သာကီဝင်မျိုးဟေ့..ဒို့ ဗမာ
ပြခဲ့ကြမည်...ဤမြေကမ္ဘာ
ဒီမိုကရေစီ အောင်ပွဲရဲ့နိဂုံးမှာ..။

မသဒ္ဓါ (၈။၁၇။၂၀၀၇)
အားငယ်ဖို့ မလိုဘူး.၊ စိတ်ပျက်ဖို့ မလိုဘူး။. ပုဂံဆီရောက်ချင်ရင်.မင်းမှန်မှန်သာ.ရွှေ့ ပေးနေ.။တနေ့နေ့ ..ဒို့ အောင်မြင်မှာ..အသေချာ.။

Tuesday, August 7, 2007

၈၈၈၈ မှ သည်တောက်ပသော..အနာဂတ် များဆီသို့ 

မယုံရင်..ပုံပြင်သာမှတ်..
ကမ္ဘာကျော်..လူသတ်အစိုးရ.
ဒို့ ဗမာပြည်မှာရှိနေတယ်..ယနေ့ ထိတိုင်။

တပါတီမဆလက..သေနတ်ပြလုခဲ့တဲ့ အာဏာ
ဗုံးခွဲ.လူသတ်..အနာဂတ်ကို..မှိုင်းချခဲ့တဲ့.စစ်တပ်.
ဒို့ မြန်မာပြည်..ကိုလိုနီကလွတ်မြောက်ခဲ့ ပြီးနောက်.
ကိုယ့်လူုမျိုးနဲ့ကိုယ်စစ်တပ်အောက်မှာ..
ကျွန်သဘောက်..ဘ၀ထက်တောင်ဆိုးနေ။

အနှစ် ၂၆ စံစား..ကိုရွှေဆိုရှယ်လစ်များက..
ဒီအပေါ်ဘဲအိပ်..ဒီသားရေလေးတွေဖဲ့ဖဲ့စား
တိုင်းပြည်ကြီးတဖြေးဖြေး..နွံထဲ နစ်နစ်သွား
နောက်ဆုံးရခဲ့တဲ့..ဒီ..နံမည်သစ်..
ကမ္ဘာ့အဆင်းရဲဆုံး..တိုင်းပြည်အဖြစ်.။

ဌက်ဆိုး..ထိုးနေတဲ့ မြန်မာပြည်..
ဇောင်ချမ်းကွဲ တွေ ရေပေါ်ပေါ်နေတဲ့ မြန်မာပြည်...
မခံနိုင်တော့တဲ့..ကျောင်းသားထု.
အဖြူအစိမ်းနဲ့ ..ကျောင်းလုံချည်.
ခွပ်ဒေါင်းရုပ်နဲ့ ..ခေါင်းစီးနီနီ..
ဇောက်ထိုးကလေးနဲ့..မဆလအလံကိုချည်..
ငြိမ်းချမ်းစွာ..အစာငတ်ခံဆန္ဒပြ..
နေပူကြဲကြဲ..ပလက်ဖောင်းပေါ်က
စည်းရုံးကြွေးကြော်..တိုက်ပွဲခေါ်..
သတ္တိသွေး..မိုးထိခေါင်ဝင့်မော်.
၈၈၈၈ လုပ်ရပ်က..ကမ္ဘာကျော်...

အာဏာပါးကွက်လုံထိန်း.အကြမ်းဖက်တက်သိမ်း။
သံချပ်ကာကားကလမ်းပေါ် တ၀ီးဝီး..
မာရှယ်လောထုတ်ပြီး
ပြည်သူ့ ဘဏ္ဍာနဲ့  ၀ယ်ထားတဲ့သေနတ်..
ဒို့ ပြည်သူ့ ကိုပြန်သတ်..

ပေတရာ..လမ်းမ..သွေးများနဲ့ဆေးကြောခဲ့ကြ..
ပုဆိုးစိမ်းပေါ်.စွန်းထင်း..သွေးနဲ့ချင်းချင်းနီ..
အတောင်ကျွတ်ချိုးဖြူများ..တေးသွားသံဆိတ်သုန်းခဲ့.
သာယာကျောင်းခေါင်းလောင်းသံ..ဥသြဆွဲသံများဖြစ်ခဲ့
ဒေါင်းခေါင်းစီးနီကလေးများ..မြေပြင်ပေါ်သွေးတနင့်နင့်
မေ့သားလှရွှေသွေး..ရေတိမ်ထဲမှာနစ်..
တပြည်လုံးကြိမ်မီး အုံး..ယူကျုံးမရတွေဖြစ်။
သွေး..ချွေး..အသက်..၀ိညာဉ်နဲ့ ခန္ဓာ.
စတေးခဲ့တဲ့..ဒီကာလ..၈၈၈၈ ဘယ်မေ့မရ..

မသေမရှင်များ..ကျီးငါးစာအဖြစ်.
မြစ်တကြောမြှော..ရင်နာဘွယ်အဖြစ်.
အရှင်လတ်လတ်လည်း..မြေတွင်းထဲမှာဖို့ ပစ်.
ကျန်ရစ်သူမိသားစု..မျက်နှာလေးတောင်ကြည့်ခွင့်မရှိ
ဆိုးဝါးလှသည့် တိရိစ္ဆာန်လူစစ်သား.
လူတွေကို ငပိသိပ်..အချုပ်ကားထဲအတင်းထည့်ပိတ်..
လေရှူစရာမဲ့...ဘ၀ဆုံးရှုံး..
ဒို့သမိုင်းရဲ့ အမဲဆုံးရက်ကလေးများ။

ဂုံနီအိပ်ခေါင်းစွပ်..ရိုက်နှက်.
တောင်ထဲမရောက်ခင်..အသက်ထွက်
မိန်းခလေးများကို..မတရားပန်းဦးချွေ..
ဘီလူးစီးနေတဲ့..ဦးနေ၀င်းစစ်တပ်..
တရားမမျှတကင်း..တဲ့ မြန်မာပြည်ရဲ့စစ်တပ်..
ကျမတို့ ဗိုလ်အောင်ဆန်းရဲ့ သားမောင်စစ်တပ်..
အာဏာရှင်ဘက် ရပ်နေတာ..ပြည်သူရင်နာ။

ဒီအာဏာရှင်..စံနစ်..၁၉နှစ်..ပိုးတိုးလောက်ကိုက်
နောက်ဆုံး..ကြွက်မနိုင်ရင်..ကျီကိုမီးနဲ့တင်ရှို့ 
လူဆိုးတချို့နဲ့ တိုင်ပင်နေတဲ့မောင်တွေ..
ဆိုးညစ်ညစ်အကြံ
နောက်ဆုံးကျည်ဆန်က..နျူကလီးယားနဲ့ ခြိမ်းချောက်ရန်.

အနာဂတ်ခေတ်တခေတ်ကိုပြောင်း..ဒို့ခွပ်ဒေါင်းကစတယ်..
နေခြည်မှာရွှေရည်လောင်းစေဖို့ ..ညသန်းခေါင်ကိုဒို့ ဖြတ်ဖူးရမယ်.
အောင်မြင်မဲ့တိုက်ပွဲပေါင်း..ရှုံးဖူးမှ..နိုင်အောင်တိုက်နိုင်တယ်..
အားမာန်ဇွဲ..ပေါင်းစုကြပါ..ညီငယ် နှမငယ်..

ဒို့အနာဂတ် ဟာ..ဒို့ဘဲပိုင်ဆိုင်တယ်..
အမှန်တရားနဲ့ လမ်းကိုပြင်..
ဇွဲမာန်လုံလ..လက်နက်ဆင်..
အားလုံးပါဝင်..စုစည်း..
သပိတ်တိုက်ပွဲ..အသစ်စပြင်
တဆင့်ဆင့်တက်လှမ်း..အမြင့်လမ်းသို့ ငြမ်းကောင်းဆင်
အမှောင်လမ်းက.တိုးထွက်လျှင်..
မနက်ဖြန်ရဲ့ မင်္ဂလာနံနက်ခင်း..
လင်းကြက်တွန်ရင်း..ရောင်နီပေါ်.
မြန်မာပုံနိမိတ်..ကောင်းခြင်းများနဲ့..ကမ္ဘာမှာကျော်.

မသဒ္ဓါ (၈။၈။၂၀၀၇).....
၈၈၈၈ တွင်ကျဆုံးသော..အာဇာနည်များကိုအလေးပြု၍ ကောင်းရာသုဂတိလားပါစေရန်..တသက်လုံး ပြုပြုခဲ့သမျှ..မသဒ္ဓါ၏ ကောင်းမှုအဖို့ ဘာဂ..တို့ ကို.ဤနေရာမှအမျှပေးဝေလိုက်ပါသည်။


အပြည့်အစုံ..သို့ ...

စာမြည်းရုံ..ကလေး..

Thursday, August 2, 2007

ဖိတ်ခေါ်သည်…မြန်မာပြည်သူများ


လူ့ ရဲ့သဘာဝ..
မှောင်ရင်..ကြောက်တတ်ကြ..
ကြောက်တတ်တော့..ပိုမှောင်..
ပိုမှောင်လို့ …ပိုပိုကြောက်..

လူ့ ရဲ့သဘာဝ..
ချောက်ရင်..ကြောက်တတ်ကြ..
ကြောက်တတ်တော့…ပိုချောက်..
ပိုချောက်လို့ …ပိုပိုကြောက်

ဥပါဒန်ကြောင့်…ဥပါဒ်ရောက်..
ချောက်.လေလေ..ထပ်..ပိုပိုကြောက်.
မုန့် လုံးရဲ့ နောက်..လိုက်ကပ်နေတဲ့စက္ကူ..
ခွါထုတ်ဖို့ ..မလွယ်ကူ
လိုက်လေလေ..ပြေးလေ.ဝေး..ဝေး
ဒီမိုကရေစီ..ရရေး..
ရင်လေးစရာ..ပြည်မြန်မာ..

တဦးချင်းဆီမပါဘဲ..အချောင်ခိုနေခဲ့ရင်..
စစ်တပ်ကထပ်ထပ်..လက်ဖမောင်းခတ်နေမြဲ..
ဒီထက်.ပိုသတ်.သတ်..ဆက် ချောက်တတ်နေစမြဲ
သတ္တိနည်းရင်ပိုပို..သာရှုံးပြီမှတ်.

ကြောက်တတ်ရင်..၀န်ကင်း...
သေခြင်းကင်းအောင်..ရှောင်လေ..ကွင်းကွင်း..
အနာဂတ်များလည်း..ကင်း..သထက်..ကင်း.
တဦးတယောက်..နှမ်းတလုံးစီကောက်..
သန်းပေါင်း..အယောက် ၅၀..
ဒို့ ဘက်က..နိုင်နိုင်ပါတယ်.

သေနတ်ရဲ့..တည့်တည့်ပစ်မဲ့..ကျည်ဆန်..
ငြိမ်းချမ်းရေး..မေတ္တာ..ရောင်ပြန်ကို..မကျော်နိုင်ပါဘု..
ဒို့ အတူတူ..လွတ်လပ်ရေးပန်းကိုချူစို့ ရဲ့..
အနာဂတ်ရဲ့.လမ်း.
ပန်းများပွင့်..လို့  ချိုး.တေးသီ။

မသဒ္ဓါ (၈။၂။၂၀၀၇

၈၈၈၈..အားမာန်..မိုးခွင်းမဲ့တပ်လှန့် သံ..


ပင်လယ်ပြင်ထဲ..မိုးမုန်တိုင်း…
ဘယ်လောက်ပဲထန်ထန်..
လှိုင်းကြီးလှေအောက်..ခရီးပေါက်မဲ့လှေ…

လေအလာ..ရွက်နဲ့ ..
လေမလာ..တက်နဲ့ 
တက်မပါ..လက်နဲ့ 
အနာဂတ်မမဲ့..မကြောက်ဖူး..
နေခြည်တွေ..ခူးမဲ့..ဒို့ လက်များ..

အမှောင်.ကိုခွင်းခဲ့ဘူး
စာသင်ခန်းကိုစွန့် ခဲ့ဘူး..
ပေတရာလမ်းပေါ်က..သွေးတွေနဲ့ လူး.
အမေ့အိမ် ကိုလည်း..လွမ်းဆွတ်ဘူး.
ပလက်ဖောင်းပေါ် အစာအငတ်ခံဘူး..
ဆင်းရဲငတ်ပြတ်..တောတွေထည်း..အစာပြတ်..
အသက်ရှူရပ်တောင်..ဘယ်တော့မှ.ဇွဲမလျှော့မဲ့..ဒေါင်းစိတ်ဓါတ်..
ဒို့ ဝိညာဉ်ကို..မင်းတို့ အသေသတ်နိုင်မယ်..ထင်သလား..
ငါတို့ တတွေ ဟာ…၈၈၈၈ ကျောင်းသားများ။

ပန်းတိုင်..မရောက်မခြင်း
စည်းလုံးလက်များ..ညီညီတူ
တပင်လဲရင်..တပင်ထူ
တဗိုလ်ကျရင်..တဗိုလ်တက်..
နောက်ဆုံးနှလုံးသွေး..တစက်ကျန်တဲ့အထိ..
ဇွဲရှိရှိ..ဆက်တိုက်မယ်.

မှန်ကန်ချက်..ယုံကြည်ရာလမ်း..
ကြမ်းချင်သလောက်သာ…ကြမ်း
ပမ်းချင်သလောက်သာ…ပမ်း
နွမ်းချင်သလောက်သာ…နွမ်း
ဒူးလောက်တင်မှ..ရင်လောက်ကျ.
ခွပ်ဒေါင်းမာန်ဇွဲ..သေတောင်လက်နက်မချ.

နောင်..သားမြေးတို့ ..အနာဂတ်
လွတ်လပ်စွာ..ပြောဆို လုပ်ကိုင်နိုင်
လွတ်လပ်စွာ..တွေးခေါ်..စဉ်းစားဆင်ခြင်
လွတ်လပ်စွာ..မြေပြင်ပေါ်ရပ်..အသက်ရှုနိုင်ခွင့်
လွတ်လပ်စွာ..ရေး..တွေးနိုင်ခွင့်ပိုင်ခဲ့မယ် ဆိုရင်.
ဒို့ မျိုးဆက်တွေ..အရိုးကြေကြေ..အရေခန်းခန်း.
မကြောက်တမ်း...ငရဲလမ်းတောင်..သွားရဲတယ်။.

မသဒ္ဓါ (၇။၂၃ ။၂၀၀၇)။

Wednesday, August 1, 2007

သွေးစွန်းခဲ့သောနေ့များမှသည်..ခွပ်ဒေါင်း.ကမဲ့နေ့ရက်များသို့ 


ဘယ်လိုမှမေ့မရ...စက်တင်ဘာမိုးစက်အကျ.
ဖိနပ်ပြတ်တွေ..လမ်းပေါ်မှာကြဲ..
သွေးစွန်းခဲ့...ကာလ

အဖြု..အစိမ်းဝတ်တဲ့ခလေး..
တော်လှန်ရေးရဲ့..အစ..
တပါတီ..မဆလ…
ဆိုင်းဘုတ်ကျခဲ့ရ.

ရက်စက်သူ..လူသတ်သမား
မိုက်ရိုင်းရက်စက်ပါ့။
သားအရွယ်..ကျောင်းသားအားအမဲလိုက်ပွဲ..စ.

သွေးတွေ..သွေးတွေ..
လမ်းပေါ်စီး..ပင်လယ်ထိ..စီးကျ..
အာဏာရှင်..လုသတ်သမား..
နေ၀င်းတို့ ..အစိုးရ.

လူမျိုးမြိုမှ..လုမျိုးပြုတ်..
ဗမာ့မျိုးယုတ်.နအဖ..
အစစ်အမှန်..ရွေးကောက်ပွဲ..
နိုင်လည်း..မပေးရဲကြ..

အတုအယောင်..ညီလာခံကြီး..
ရေးဘဲ..မပြီးကြ..
ရေးပြီးပါလည်း..
သူတို့ ဘဲ.
အနိုင်ကျင့်..သေနတ်ပြ.

ဗမာပြည်ရဲ့ တပြည်လုံး..
ငတ်မွတ်..မျိုးပြုန်းကာလ..
မျိုးကိုမချစ်..ရေဆွဲနှစ်..
တိုင်းပြည်..ချောက်ထဲကျ..

လူမိုက်အားကိုး..ပုဆိန်ရိုး..
မြောက်ကိုရီးယားကို..ရှစ်ခိုး..
တကမ္ဘာကျော်ဆုံး..အချစ်တုံး
လူမုန်းဆုံး..စစ်အစိုးရ။

မျိုးဆက်သစ်များ..ပညာဝေးနောင်ရေး..
ရင်လေးစွ.တမျိုးသားလုံး..
လူညွန်ုတုံး..မြန်မာ့..
ဂုဏ်ရည်ဘုန်း။

ဒို့ အားလုံးမှာ..တာဝန်ရှိ..
စည်းလုံး..အားသစ်စ..
လင်းလက်လာဖို့ အနာဂတ်
မင်းလည်း..အမှန်တရားဖက်ရပ်..

ကြောက်တတ်ရင်..လွဲ..
ရဲ.မင်းဖြစ်..
အားလုံး..ပါဝင်ရစ်..
လက်ချောင်းများစွာ..
စုစည်းထားသန်မာဒို့ ..ခွန်အား..

တလက်တအား..ဆင်ကာနွဲ
ဒီမိုကရေစီ တိုက်ပွဲ..
အားလုံးညီညာ.. ပါဝင်မှ..
ဒို့ လူ့ ဘောင်သစ်..အစ

။။မသဒ္ဓါ (၇။၂၅။၂၀၀၇)..