Pages

Thursday, August 2, 2007

ဖိတ်ခေါ်သည်…မြန်မာပြည်သူများ


လူ့ ရဲ့သဘာဝ..
မှောင်ရင်..ကြောက်တတ်ကြ..
ကြောက်တတ်တော့..ပိုမှောင်..
ပိုမှောင်လို့ …ပိုပိုကြောက်..

လူ့ ရဲ့သဘာဝ..
ချောက်ရင်..ကြောက်တတ်ကြ..
ကြောက်တတ်တော့…ပိုချောက်..
ပိုချောက်လို့ …ပိုပိုကြောက်

ဥပါဒန်ကြောင့်…ဥပါဒ်ရောက်..
ချောက်.လေလေ..ထပ်..ပိုပိုကြောက်.
မုန့် လုံးရဲ့ နောက်..လိုက်ကပ်နေတဲ့စက္ကူ..
ခွါထုတ်ဖို့ ..မလွယ်ကူ
လိုက်လေလေ..ပြေးလေ.ဝေး..ဝေး
ဒီမိုကရေစီ..ရရေး..
ရင်လေးစရာ..ပြည်မြန်မာ..

တဦးချင်းဆီမပါဘဲ..အချောင်ခိုနေခဲ့ရင်..
စစ်တပ်ကထပ်ထပ်..လက်ဖမောင်းခတ်နေမြဲ..
ဒီထက်.ပိုသတ်.သတ်..ဆက် ချောက်တတ်နေစမြဲ
သတ္တိနည်းရင်ပိုပို..သာရှုံးပြီမှတ်.

ကြောက်တတ်ရင်..၀န်ကင်း...
သေခြင်းကင်းအောင်..ရှောင်လေ..ကွင်းကွင်း..
အနာဂတ်များလည်း..ကင်း..သထက်..ကင်း.
တဦးတယောက်..နှမ်းတလုံးစီကောက်..
သန်းပေါင်း..အယောက် ၅၀..
ဒို့ ဘက်က..နိုင်နိုင်ပါတယ်.

သေနတ်ရဲ့..တည့်တည့်ပစ်မဲ့..ကျည်ဆန်..
ငြိမ်းချမ်းရေး..မေတ္တာ..ရောင်ပြန်ကို..မကျော်နိုင်ပါဘု..
ဒို့ အတူတူ..လွတ်လပ်ရေးပန်းကိုချူစို့ ရဲ့..
အနာဂတ်ရဲ့.လမ်း.
ပန်းများပွင့်..လို့  ချိုး.တေးသီ။

မသဒ္ဓါ (၈။၂။၂၀၀၇

1 comment:

Pro Youth said...

လာဖတ်သွားပါတယ်