နေရာ။ ယခုတော်လှန်ရေးပန်းခြံ နေရာ
အချိန်။ မြန်မာနိုင်ငံကို ဂျပန်တို့ အုပ်စိုးထားပြီးရွှေရည်စိမ် လွတ်လပ်ရေး ပေးကာ မြန်မာ့ သယံဇာတများကို ကျောက်မျက်၊ ကျွန်းသစ်မှ အစ ကြယ်သီး မကျန် သိမ်းယူပြီး ဂျပန်ပြည်သို့ အကုန် တင်ပို့ နေချိန်။ ဖက်ဆစ် စနစ် လက်အောက် အမျိုး၊ ဘာသာ၊ သာသနာ ညှိုးနွမ်းနေချိန်။ ဖက်ဆစ်တို့က ဘုရားပေါ် ဖိနပ်နဲ့တက်၊ သံဃာတော်များ ကိုနားရင်းရိုက် နှိပ်စက်၊ အမျိုးသမီးများကို အဓမ စော်ကား အနိုင်ကျင့်ပြီး အမျိုးသားများကို ပေါ်တာဆွဲ၊ ဖမ်းဆီး၊ နှိပ်စက် သတ်ဖြတ်နေချိန်။ ဖက်ဆစ်ဂျပန်တို့ ဒဏ်ကို မခံနိုင်ဘဲ ပြန်လည် တော်လှန်ရန် စီစဉ်နေဆဲ အထက် မြန်မာနိုင်ငံတွင် ဗိုလ်မှူး ဗထူးက ဖက်ဆစ်တို့ကိုသာ မက ဖက်ဆစ်တို့နဲ့ အနီးကပ် ဆက်ဆံ နေရသေးသော ဗိုလ်ချုပ်အောင်ဆန်း တို့ကိုပါ တော်လှန်ကြောင်း ကြေညာကာ တော်လှန်ရေး စတင် နေချိန်။