နေရာ။ ယခုတော်လှန်ရေးပန်းခြံ နေရာ
အချိန်။ မြန်မာနိုင်ငံကို ဂျပန်တို့ အုပ်စိုးထားပြီးရွှေရည်စိမ် လွတ်လပ်ရေး ပေးကာ မြန်မာ့ သယံဇာတများကို ကျောက်မျက်၊ ကျွန်းသစ်မှ အစ ကြယ်သီး မကျန် သိမ်းယူပြီး ဂျပန်ပြည်သို့ အကုန် တင်ပို့ နေချိန်။ ဖက်ဆစ် စနစ် လက်အောက် အမျိုး၊ ဘာသာ၊ သာသနာ ညှိုးနွမ်းနေချိန်။ ဖက်ဆစ်တို့က ဘုရားပေါ် ဖိနပ်နဲ့တက်၊ သံဃာတော်များ ကိုနားရင်းရိုက် နှိပ်စက်၊ အမျိုးသမီးများကို အဓမ စော်ကား အနိုင်ကျင့်ပြီး အမျိုးသားများကို ပေါ်တာဆွဲ၊ ဖမ်းဆီး၊ နှိပ်စက် သတ်ဖြတ်နေချိန်။ ဖက်ဆစ်ဂျပန်တို့ ဒဏ်ကို မခံနိုင်ဘဲ ပြန်လည် တော်လှန်ရန် စီစဉ်နေဆဲ အထက် မြန်မာနိုင်ငံတွင် ဗိုလ်မှူး ဗထူးက ဖက်ဆစ်တို့ကိုသာ မက ဖက်ဆစ်တို့နဲ့ အနီးကပ် ဆက်ဆံ နေရသေးသော ဗိုလ်ချုပ်အောင်ဆန်း တို့ကိုပါ တော်လှန်ကြောင်း ကြေညာကာ တော်လှန်ရေး စတင် နေချိန်။
ရဲဘော်တို့
အကျယ်ချဲ့ပြီး ရှည်ရှည်မပြောချင်ဘူး။ အခု စစ်မြေပြင်ကို ထွက်ရမယ်။ ဆင်းရဲမယ်။ ငတ်မယ်။ အခက်အခဲ တွေနဲ့ ရင်ဆိုင်ရမယ်။ ဗမာ ပီပီ ဗမာ့သွေးကို ပြကြပါ။ အထက်ဗိုလ်များရဲ့ အမိန့်ကို နာခံပါ။ အထက်ဗိုလ် များကလဲ သာတူညီမျှ ရဲဘော်စိတ်ထားပါ။ ရဲဘော်တို့ကို ကတိပေးထားတဲ့အတိုင်း ကျုပ်ကိုယ်တိုင် ရဲဘော် တို့နဲ့ အတူ ချီတက်မယ်။ ဗမာ့ ရန်သူကို ချေမှုန်းကြ။ အနီးကပ်ဆုံး ရန်သူကို ရှာပြီးတိုက်ကြ။ ဒါပဲ။
လေ့လာ တွေ့ရှိချက်။ ဗိုလ်ချုပ်အောင်ဆန်းခေတ်က အခြေအနေနဲ့ လက်ရှိ အခြေအနေများ နှိုင်းယှဉ်ချက်
(၁) ဗိုလ်ချုပ် အောင်ဆန်းရဲ့ စစ်သား စုဆောင်းပုံ မက်လုံးများ (ဆင်းရဲမယ်။ ငတ်မယ်။ အခက်အခဲတွေနဲ့ ရင်ဆိုင် ရမယ်တဲ့။ ရာထူးရမယ်… အခွင့်အရေးနဲ့ စီးပွားရေး လုပ်ပိုင်ခွင့် ရမယ် လို့ လုံးဝ မပါဘဲ လက်ရှိ ပြည်တွင်းက အခြေအနေနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေသည်။)
(၂) အထက်ဗိုလ်များကလဲ သာတူ ညီမျှ ရဲဘော်စိတ် ထားပါ။ (DSA နဲ့ DSTA တွင် အထက် စီနီယာ ကျောင်းသား များက ဂျူနီယာ ကျောင်းသားများကို ငွေဝယ်ကျွန်လို ချိုးနှိမ်ကာ အာဏာရှင်စနစ် ထူထောင် နေမှု၊ ကြီးနိုင် ငယ်ညှင်း ဆက်ဆံမှု၊ တပ်များတွင် ရိကာ ထောက်ပို့မှ ဖြတ်စား သောကြောင့် ကျောင်းသားများ အစာရေစာ မ၀၊ ကြောင်မစားငါး၊ ပိုက်လုံးကြော်နဲ့ မှန်ရောင်ဟင်းချိုကိုသာ စားသောက်ရမှု)
(၃) ရဲဘော်တို့ကို ကတိပေးထားတဲ့အတိုင်း ကျုပ်ကိုယ်တိုင် ရဲဘော်တို့နဲ့ အတူ ချီတက်မယ် (ဘယ်လို ဗိုလ်ချုပ်မှ လက်ရှိ အချိန်တွင် ရဲဘော်နဲ့ အတူ မချီတက်ပါ)
(၄) ဗမာ့ ရန်သူကို ချေမှုန်းကြ ( လက်ရှိ အချိန်မှာ ကိုယ့်အာဏာ တည်မြဲရေး အတွက် ထိုင်ခုံကို လှုပ်လောက် ချေရှိသော တိုင်းရင်းသားနဲ့ မြန်မာ ပြည်သူများအား သံဃာတော် မချန် ရက်ရက်စက်စက် ချေမှုန်းပါသည်။)
(၅) အနီးကပ်ဆုံး ရန်သူကို ရှာပြီး တိုက်ကြ။
( သည်စကားလုံး ကို သဘော အကျဆုံးပါ။ အဲဒီ အချိန်မှာ ဗိုလ်ချုပ် အောင်ဆန်း ရင်ဆိုင်နေရတာ အင်္ဂလိပ် ရော ဖက်ဆစ် အာဏာရှင် ရောအပြင် ဗိုလ်ချုပ်အောင်ဆန်းကိုပါ တော်လှန်ပါတယ် ဆိုတဲ့ ဗိုလ်မှူး ဗထူးရဲ့ တပ်ပါ ရှိနေပါသည်။ အကြိုက်ဆုံး အကွက် ကတော့ ဗိုလ်မှူးဗထူးဟာလဲ သူက အင်္ဂလိပ် မဟာမိတ် တပ်နဲ့ ပေါင်းပြီး ဂျပန်ကို တော်လှန်ပါပြီလို့ ကြေညာရင် ဖက်ဆစ် တပ်တွေ ၀န်းရံထားတာ ခံနေရဆဲ ဖြစ်တဲ့ ဗိုလ်ချုပ် အောင်ဆန်းကို ဂျပန်တွေက လွယ်လွယ်လေး ဒုက ပေးနိုင်ပါတယ်။ ဗိုလ်မှူး ဗထူးက ဗိုလ်ချုပ် အောင်ဆန်း ကိုပါ တော်လှန်တယ်လို့ ကြေညာတဲ့ အတွက် ဗိုလ်ချုပ် အောင်ဆန်း က သူပုန် ဗိုလ်မှူး ဗထူး တပ်ကို နှိမ်နင်း ဖို့ ဂျပန်က ခွင့်ပြု ခဲ့ရ ပါတယ်။ ဒါကြောင့် ဗိုလ်ချုပ် အောင်ဆန်းက လွတ်လပ်စွာ တပ်ကို ပြင်ခွင့် ရရုံ မက ဒီ တပ်ထွက်မိန့်ခွန်းကို ဂျပန်တွေရှေ့မှာ ပြောနိုင်ခဲ့ပါတယ်။ အဲဒီနောက် ဗိုလ်ချုပ် အောင်ဆန်းဟာ ဗိုလ်မှူး ဗထူး တပ်နဲ့ ပေါင်းပြီး ဖက်ဆစ် အာဏာရှင် တွေကို အောင်မြင်စွာ တိုက်ထုတ် နိုင်ခဲ့ ပါတယ်။ တကယ် လို့သာ ဗိုလ်ချုပ် အောင်ဆန်းဟာ တကိုယ်ကောင်းဆန် အာဏာရှင် ဆန်ပြီး ဖက်ဆစ် လက်ဝေခံ ဘုရင်ခံ အဖြစ် နေခဲ့ပြီး ကိုယ့်အာဏာ တည်မြဲရေး အတွက် စဉ်းစားခဲ့ပြီး ဗိုလ်မှူး ဗထူးရဲ့ တပ်ကို ပြန်တိုက်ခဲ့ရင် ဗမာချင်း ပြန်သတ်လို့ တိုင်းပြည်နာပြီး မြန်မာနိုင်ငံလဲ လွတ်လပ်ရေး ရမှာ မဟုတ်ပါဘူး။ ဗိုလ်မှူး ဗထူးကလဲ ဗိုလ်ချုပ် အောင်ဆန်း တပ်ထွက် လာချိန်မှာ ငါ့ကို လာနှိမ်နင်းတယ် ဆိုပြီး ဗိုလ်ချုပ် အောင်ဆန်းကို တိုက်ရင် ဗမာချင်း သတ်ပွဲ တိုက်ပွဲ ကြားမှာ တိုင်းပြည်လဲ နာလန် ထူမှာ မဟုတ်ပါဘူး။ ဆရာ တပည့်ချင်း နားလည်မှု ယုံကြည်မှု နဲ့ ရဲဘော် ရဲဘက် စိတ် ရှိစွာ တိုင်းပြည် အပေါ် သစာ ရှိမှုကြောင့် မြန်မာ နိုင်ငံ လွတ်လပ်ရေး ရခဲ့ခြင်း ဖြစ်ပါ တယ်။ ဒီတပ်ထွက် မိန့်ခွန်းဟာ အဲလောက် လေးနက် ပါတယ်။ သာမန် နားလည်မှု ယုံကြည်မှု လောက်နဲ့ ပြောခဲ့တာ မဟုတ်ဘဲ ဆရာ တပည့်ချင်း အထာပေး ထားတဲ့ (ဗမာ့ ရန်သူကို ချေမှုန်းကြ၊ အနီးကပ် ဆုံး ရန်သူကို ရှာပြီး တိုက်ကြ) ဆိုတဲ့ စကားလေးက အလေးနက် ဆုံးပါပဲ။ ဒါကြောင့် ဗိုလ်ချုပ်ရဲ့ မိန့်ခွန်းထဲက ဗမာ အချင်းချင်း သွေးစည်း ညီညွတ်ဖို့ ပြောသမျှ မိန့်ခွန်းတွေထဲ ဒီ တပ်ထွက် မိန့်ခွန်းကို အကြိုက်ဆုံး ပါပဲရှင်။ နောက်ပြီး ပေးထားတဲ့ ကတိ အတိုင်း ဗိုလ်ချုပ် ကိုယ်တိုင် ရဲဘော်များနဲ့ အတူ ဖက်ဆစ်နဲ့ အင်္ဂလိပ်ကို အသက်ပေး တိုက်ခိုက်ပြီး မြန်မာနိုင်ငံသားများ သူ့ကျွန် လက်အောက်က လွတ်လပ်ရေး အတွက် စွမ်းစွမ်းတမံ ဆောင်ရွက် ခဲ့ပါတယ်။
ခုလက်ရှိ အခြေအနေက သားပေး သမီးယူ အမျိုးတော် ထားခြင်းများ၊ တစ်ယောက်ရဲ့ အပြစ်နဲ့ အားနည်း ချက် များကို တစ်ယောက်က ကိုင်ကာ အချင်းချင်း အပြိုင် စောင့်ကြည့်ခြင်း၊ မင်းလဲ မဖော်နဲ့ ငါလဲ မဖော်ဘူး ဆိုသော သဘော တူညီ ချက်များနဲ့ တိုင်းပြည်ရဲ့ သယံဇာတ များကို လက်ဝါးကြီးအုပ် ဝေမျှ ခွဲယူကာ ကိုယ်ကျိုး ရှာရင်း သွေးစည်း ညီညွတ် နေခြင်း၊ မြန်မာ နိုင်ငံသားများ စီးပွားရေး လုပ်ပိုင်ခွင့် မရဘဲ သူတို့နဲ့ ပလဲ နံပ သင့်သော နိုင်ငံခြားသား များကိုသာ လုပ်ပိုင်ခွင့် ပေးသောကြောင့် လည်းကောင်း၊ ဖိနှိပ် ညှင်းပန်း နှိပ်စက် မှုများနဲ့ အဓမ လုပ်အားပေး ခိုင်းစေမှု၊ အဓမ ထောက်ခံပွဲများကြောင့် မြန်မာ များမှာ ပြည်တွင်း မှာရော ပြည်ပ မှာပါ သူ့ကျွန် လက်အောက် ရောက်နေရခြင်း)
မှတ်ချက်။ ယနေ့ မြန်မာ့ တပ်မတော်ကို ထိခိုက် စော်ကား လိုစိတ် လုံးဝ မရှိဘဲ အောက်ခြေ စစ်သားနဲ့ အရာရှိ ငယ်တို့ရဲ့ ရင်ဖွင့်ချက်ကို အပို အလို မရှိ ထင်ဟပ် တင်ပြ ပါသည်။ မြန်မာ့ တပ်မတော် ကြီးကို ပြည်သူ့ တပ်မတော် စစ်စစ် အဖြစ် ပြည်သူများက စိတ် စေတနာ အစစ်ဖြင့် အောင်သပြေခက်နဲ့ လှိုက်လှိုက် လှဲလှဲ ကြိုဆိုတာ ခံခဲ့ရ ဖူးသော ပြည်သူ့ တပ်မတော် စစ်စစ် ပြန်ဖြစ် စေချင်သော စိတ်စေတနာဖြင့် ရေးသား တင်ပြ အပ်ပါသည်။

4 comments:
Hello I just entered before I have to leave to the airport, it's been very nice to meet you, if you want here is the site I told you about where I type some stuff and make good money (I work from home): here it is
Hello. This post is likeable, and your blog is very interesting, congratulations :-). I will add in my blogroll =). If possible gives a last there on my blog, it is about the Estabilizador e Nobreak, I hope you enjoy. The address is http://estabilizador-e-nobreak.blogspot.com. A hug.
Hello,
I appreciate the historical insight this blog brings to the internet community about Myanmar.
Furthermore, I would like to invite you to join the Myanmar Wikipedia community. If you have any questions, feel free to ask me.
Best,
Aung Kyaw
ရေးထားတာတွေက ကောင်းတယ်
ပြီးတော့ မျှတတဲ့ တွေးခေါ်မှု့ကလည်းလေးစားစရာပါပဲ။
တစ်ဖက်သတ်မဆန်တဲ့အတွေး ကို ကြိုက်တယ်။
လေးစားပါတယ်။
ခင်မင်လျှက်
ကိုဂစ်တာ
Post a Comment