ပင်လယ်ပြင်ထဲ..မိုးမုန်တိုင်း…
ဘယ်လောက်ပဲထန်ထန်..
လှိုင်းကြီးလှေအောက်..ခရီးပေါက်မဲ့လှေ…
လေအလာ..ရွက်နဲ့ ..
လေမလာ..တက်နဲ့ 
တက်မပါ..လက်နဲ့ 
အနာဂတ်မမဲ့..မကြောက်ဖူး..
နေခြည်တွေ..ခူးမဲ့..ဒို့ လက်များ..
အမှောင်.ကိုခွင်းခဲ့ဘူး
စာသင်ခန်းကိုစွန့် ခဲ့ဘူး..
ပေတရာလမ်းပေါ်က..သွေးတွေနဲ့ လူး.
အမေ့အိမ် ကိုလည်း..လွမ်းဆွတ်ဘူး.
ပလက်ဖောင်းပေါ် အစာအငတ်ခံဘူး..
ဆင်းရဲငတ်ပြတ်..တောတွေထည်း..အစာပြတ်..
အသက်ရှူရပ်တောင်..ဘယ်တော့မှ.ဇွဲမလျှော့မဲ့..ဒေါင်းစိတ်ဓါတ်..
ဒို့ ဝိညာဉ်ကို..မင်းတို့ အသေသတ်နိုင်မယ်..ထင်သလား..
ငါတို့ တတွေ ဟာ…၈၈၈၈ ကျောင်းသားများ။
ပန်းတိုင်..မရောက်မခြင်း
စည်းလုံးလက်များ..ညီညီတူ
တပင်လဲရင်..တပင်ထူ
တဗိုလ်ကျရင်..တဗိုလ်တက်..
နောက်ဆုံးနှလုံးသွေး..တစက်ကျန်တဲ့အထိ..
ဇွဲရှိရှိ..ဆက်တိုက်မယ်.
မှန်ကန်ချက်..ယုံကြည်ရာလမ်း..
ကြမ်းချင်သလောက်သာ…ကြမ်း
ပမ်းချင်သလောက်သာ…ပမ်း
နွမ်းချင်သလောက်သာ…နွမ်း
ဒူးလောက်တင်မှ..ရင်လောက်ကျ.
ခွပ်ဒေါင်းမာန်ဇွဲ..သေတောင်လက်နက်မချ.
နောင်..သားမြေးတို့ ..အနာဂတ်
လွတ်လပ်စွာ..ပြောဆို လုပ်ကိုင်နိုင်
လွတ်လပ်စွာ..တွေးခေါ်..စဉ်းစားဆင်ခြင်
လွတ်လပ်စွာ..မြေပြင်ပေါ်ရပ်..အသက်ရှုနိုင်ခွင့်
လွတ်လပ်စွာ..ရေး..တွေးနိုင်ခွင့်ပိုင်ခဲ့မယ် ဆိုရင်.
ဒို့ မျိုးဆက်တွေ..အရိုးကြေကြေ..အရေခန်းခန်း.
မကြောက်တမ်း...ငရဲလမ်းတောင်..သွားရဲတယ်။.
မသဒ္ဓါ (၇။၂၃ ။၂၀၀၇)။
No comments:
Post a Comment