Pages

Monday, July 23, 2007

၈ရက် ၈လ (၈၈၈၈) ဒီနေ့မြတ်

မိုးသားအချို့ ကောင်းကင်မှာ ၀ဲလို့တက်လွင့်
၈ရက် ၈လ ၁၉၈၈ခုနှစ်
သြဂုတ်လရဲ့ တနင်္လာနေ့
မြန်မာ့သမိုင်းစဉ်အတွက် ဒီမိုကရေစီ လှိုင်းထုက
အာဏာယစ်မူးနေတဲ့ တပါတီစနစ်ဆိုးတခုကို
အံတုလို့ကာ ရိုက်ချိုး၍ တောထုတ် ၊
သေနတ်ဆိုတာ မိုးပေါ်ထောင်ပစ်ဖို့ မဟုတ်ဆိုတဲ့
လူ့ဘီလူး တအုပ်ကို မောင်းထုတ် ၊
လူထုအားရဲ့ အကြီးမားဆုံး လှိုင်းသဏ္ဌာန်
လက်နက်မဲ့ ဆန္ဒဖော်ထုတ်ခဲ့တဲ့
စံပြုထိုက်တဲ့ ရှစ်လေးလုံး သမိုင်းလေ ။

အားလုံးသော ပြည်သူအတွက် ဆိုတဲ့ စိတ်နဲ့
ခွပ်ဒေါင်းပျို တို့က တောင်းဆိုကာ
စနစ်ဆိုး ပြောင်းဖို့ရန်သာ ရင်ထဲစွဲအပ်
လက်နက်မဲ့ ချီတက်ခဲ့တဲ့
၈ရက် ၈လ ဒီနေ့မြတ်လေ ။

သမိုင်းအစဉ်တလျှောက်မှာ နှိုင်းယှဉ်လို့ မရလောက်တဲ့
ငါတို့ ခွပ်ဒေါင်း အလံတော် သွေးသစ်လောင်းလို့ ဖော်ဆောင်
မတော် မကောင်းတဲ့ စနစ်ဆိုးဟူသမျှ ဖော်၍ထုတ်
ဒေါင်းအနွယ်တို့က တပ်ဦးမှ တိုက်ထုတ် အောင်နိုင်ခဲ့တဲ့
၈ရက် ၈လ ဒီနေ့မြတ်လေ ။ ။

အေးမြဇင်

No comments: