Pages

Friday, September 14, 2007

ဥာဏ်၊ ၀ီရိယ.နဲ့ ခူး..ကံကြမ္မာထူးမဲ့.ဒီဆုလာဘ်..

ကံကောင်းပါတယ်..
ဒို့ တတွေ..လူဖြစ်လာကြတယ်..သယံဇာတပေါကြွယ်တဲ့ဗမာမြေပေါ်
ကံဆိုးပါတယ်..
ဆိုးညစ်ယုတ်တဲ့ စစ်အာဏာရှင်တရပ်ရှိတယ်.။.

ကံကောင်းပါတယ်..
ဒို့ တတွေ..ဗြဟ္မာဇိုရ်တရားနဲ့ ဘာသာတရားကိုင်းရှိုင်းတဲ့ ဗမာလူမျိုးတွေ
ကံဆိုးပါတယ်..
ဘာဘာသာမှမရှိတဲ့..ကွန်မြူနစ် စစ်အစိုးရ မတရားလက်နက်ပြအုပ်ချုပ်နေ။.

ကံကောင်းပါတယ်..
ဟိရိသြတ္တပ္ပနဲ့ ပြည့်ဝတဲ့ ဗမာဖြစ်ရတာ။
ကံဆိုးပါတယ်..
အရှက်မရှိတဲ့ စစ်တပ်က.လူထုကို အရာရာမှာ.ဗြောင်လိမ်နေ။

ကံကောင်းပါတယ်..
ကျောင်းသားပြည်သူ..ရဟန်းရှင်လူအပေါင်းတို့ နဲ့  မဆလကို ဖြုတ်ချနိုင်ခဲ့တယ်။
ကံဆိုးပါတယ်..
ခလေး.ရဟန်း.မိန်းမမကျန် ပြည်သူသတ် စစ်တပ်က လက်နက်ပြအာဏာလုတာ နှစ် ၂၀ကြာ။.

ကံကောင်းပါတယ်..
အမျှော်အမြင်ြကီးတဲ့..ဗိုလ်ချုပ်ရဲ့သမီးဟာ..ဒိုများရဲ့ခေါင်းဆောင်
ကံဆိုးပါတယ်..
သူ့ ကို ဌက်တကောင်လို ၁၁နှစ်..လှောင်အိမ်ထဲထည့်ထားတဲ့စစ်အာဏာရူးတွေရှိတယ်.။.

ကံကောင်းပါတယ်..
စစ်ဖိနပ်အောက်မှာကျောင်းသားတွေ နိုးကြားတက်ကြွကြတယ်။
ကံဆိုးပါတယ်..
စစ်တပ်က..မိရာဖမ်း..အမှည့်ခြွေနေဆဲ။

ကံကောင်းပါတယ်..
ပြည်သူတွေနိုင်ငံရေးအသိအမြင်ကျယ်ပြန့် စည်းရုံးလာကြတယ်.။
ကံဆိုးပါတယ်..
သတင်းစာ.ရေဒီယို..ဖုံး.ဖက်စ်.အင်တာနက်.ရှိသမျှ ဆက်သွယ်ရေး.အမိုက်မှောင်ချနေ။

ကံကောင်းပါတယ်..
ကျောင်းသားပြည်သူ.ရဟန်းရှင်လူအပေါင်းတို့ ..ညီညာအထွေတွေအရေးတော်ပုံစနေပြီ။
ကံဆိုးပါတယ်..
စစ်တပ်က ကြံ့ဖွတ်၊စွမ်းအားရှင်တွေနဲ့.အိမ်ကြက်ချင်း အိုးမဲသုတ်ခွပ်ခိုင်းနေ။

ကံကောင်းပါတယ်..
ဒို့ တတွေနိုင်ရမှာပါ။..
ဒို့ တတွေညီကြပါတယ်.။

လောကရဲ့နိယာမ..အောင်မြင်ခြင်းအစ..
ကံ..ဥာဏ်..၀ီရိယ..သုံးဖြာစုံမှရ..
ဒို့ တွေရဲ့..စစ်တပ်ထက်သာတဲ့  ဥာဏ် နဲ့ ဝီရိယ..
သူတို့ ကံအသာရတာ ဂရုမစိုက်..
ဆက်တိုက်ကြစို့ ..သူငယ်ချင်း..
ဆက်လျှောက်ကြစို့ ..သူငယ်ချင်း..
ဆက်ခွပ်ကြစို့ ..သူငယ်ချင်း..

အရှေ့ ဆီမှာ..ရောင်နီကွန့် မြူး..
ဒေါင်းအိုးဝေ..တေးသံကြူးမဲ့..
လွတ်လပ်တဲ့ .ဒီမိုကရေစီခေတ်ဦးဟာ..
ဒါ..ဒို့ မုချ..ပိုင်ဆိုင်ကြမဲ့အရာ..

မသဒ္ဓါ ( ၉။၁၄။၂၀၀၇)

No comments: