အဆုံးသတ်တိုက်ပွဲအဆုံးသတ်တိုက်ပွဲ
‘မြင်းခွာတချက်ပေါက်ရင်
မီးဟုန်းဟုန်းတောက်စေရမယ်’တဲ့။
နယ်ချဲ့အစိုးရရဲ့
ပြင်းပြင်းထန်ထန်
ဖိနှိပ်မှုအောက်က
နယ်ချဲ့ဆန့်ကျင်ရေး
အရေးတော်ပုံကြီးမှာ
ကျောင်းသားခေါင်းဆောင်
ကိုဗဟိန်းက
ပြောခဲ့တယ်၊
‘ရရင်ရ
မရရင်ချ’တဲ့။
ကိုလိုနီအစိုးရကို
စိန်ခေါ်တဲ့စကား
မြန်မာ့လွတ်လပ်ရေး
လှုပ်ရှားမှုကြီးမှာ
အမျိုးသားခေါင်းဆောင်
ကိုအောင်ဆန်းက
ပြောခဲ့တယ်၊
‘မကြောက်ဘူးလား။
ကြောက်သလားဆိုတာ
ကြောက်တဲ့လူပေါ်မှာပဲ
မူတည်တယ်နော်။
ခြောက်တဲ့လူပေါ်မှာ
မမူတည်ဘူး။
အရှုံးမပေးတဲ့စိတ်
အနိုင်မခံ
အရှုံးမပေးတဲ့စိတ်မျိုး
မွေးမြူကြပါ’တဲ့။
စစ်အာဏာရှင်
စနစ်ဆိုးအောက်က
လွတ်မြောက်ရေး
အရေးတော်ပုံကြီးမှာ
လူထုခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်က
ပြောခဲ့တယ်၊
‘အမိတက္ကသိုလ်က
ခြသေ့င်္နှစ်ကောင်
တံခါးဝမှာ
နေ၀င်းနဲ့
စစ်အာဏာရှင်တွေ
မြေမြှုပ်သင်္ဂြိုလ်ပြီးတဲ့အခါ
ငါပြန်လာခဲ့မယ်’တဲ့။
မတရားလုပ်
အုပ်ချုပ်နေတဲ့
စစ်အစိုးရကို
စိန်ခေါ်တဲ့စကား
ဒီမိုကရေစီအရေး
လှုပ်ရှားမှုကြီးမှာ
ကျောင်းသားခေါင်းဆောင်
ကိုမိုးသီးဇွန်က
ပြောခဲ့တယ်၊
‘ကျွန်တော်တို့အားလုံး
ဘ၀များစွာ
စတေးခဲ့ပြီးပြီ။
လမ်းတွေပေါ်မှာ
အသက်ပါပေးခဲ့ပြီးပြီ။
ကျွန်တော်တို့ကို
ဘယ်ခြိမ်းချောက်မှုမျိုးနဲ့မှ
ခြိမ်းချောက်လို့
ကြောက်မယ့်လူလား’တဲ့။
စစ်အာဏာရှင်
လက်ပါးစေတွေ
ထမီခြုံစိတ်ဓာတ်တွေနဲ့
လူသတ်ပွဲကျင်းပဖို့
စောင့်ဆိုင်းနေကြချိန်မှာ
တိုက်ပွဲဝင်ခေါင်းဆောင်
ကိုမင်းကိုနိုင်က
ပြောခဲ့တယ်၊
ရဲဘော်တို့ရေ။
အစဉ်အလာအရကို
မြန်မာ့သွေးဆိုတာ
ရဲရဲနီပြီးသား။
မြန်မာ့သတျိဆိုတာ
ရဲရဲတောက်ပြီးသား။
ခေါင်းဆောင်တွေရဲ့
တက်ကြွတဲ့အားမာန်
ထက်သန်တဲ့စိတ်ထားတွေနဲ့
အဖိနှိပ်ခံ
ပြည်သူတွေရဲ့
နာကျည်းချက်
မြည်ဟည်းသံတို့
တစတစ
ပေါင်းစပ်လာနေပြီ။
မကြာခင်မှာ
စစ်အာဏာရှင်စနစ်
နေ၀င်တော့မယ်။
အဆုံးသတ်တိုက်ပွဲ
ပါဝင်နွဲကြစို့၊
တောက်ခေါက်သံများ
ပထမဆုံးအကြိမ်အနေနဲ့ 
ဘယ်တုန်းကစပြီး
တောက်ခေါက်တတ်ခဲ့လဲ
ငါမမှတ်မိတော့။
အကြိမ်ပေါင်းများစွာ
တောက်ခေါက်ခဲ့မိတာတော့
ငါအမှတ်ရနေဆဲ၊
လမ်းမပေါ်မှာ
ပလတ်စတစ်အိတ်တွေ
ကောက်နေရတဲ့
ကလေးငယ်လေးတွေတွေ့ ရင်
ငါတောက်ခေါက်မိတယ်၊
အရွယ်မရောက်သေးပဲ
အုတ်ခဲသယ်။ မဆလာရွက်
လက်ဘက်ရည်ဆိုင်စားပွဲထိုးနဲ့ 
ဘ၀ဒဏ်ခံနေရတဲ့
ကလေးငယ်တွေတွေ့ ရင်
ငါတောက်ခေါက်မိတယ်၊
ဆေးရုံဆေးခန်းမသွားနိုင်လို့ 
ကွမ်းယာဆိုင်ကဆေးတွေ
ဝယ်သောက်နေရတဲ့
လူမမာမိသားစုတွေတွေ့ ရင်
ငါတောက်ခေါက်မိတယ်၊
တစ်နေ့ နှစ်နပ်ထမင်းကို
နပ်မှန်အောင်မစားနိုင်လို့ 
ထမင်းရည်ဝယ်သောက်နေရတဲ့
မိသားစုတွေတွေ့ ရင်
ငါတောက်ခေါက်မိတယ်၊
ဝမ်းရေးတစ်ထွာအတွက်
ကာရာအိုကေဆိုင်တွေမှာ
ဖျော်ဖြေရေးလုပ်နေရရှာတဲ့
အမျိုးကောင်းမိန်းမငယ်လေးတွေတွေ့ ရင်
ငါတောက်ခေါက်မိတယ်၊
အရွယ်လေးကခပ်ငယ်ငယ်နဲ့ 
ကိုယ်နဲ့ မတော်သေးတဲ့
ယူနီဖောင်းအကြီးကြီးတွေ
ဝတ်ထားကြတဲ့
ကလေးစစ်သားလေးတွေတွေ့ ရင်
ငါတောက်ခေါက်မိတယ်၊
အထက်တန်းစာမေးပွဲချိန်
တက့သိုလ်စာမေးပွဲချိန်တွေမှာ
စာလုံးခပ်သေးသေး
စာအုပ်လေးတွေတွေ့ ရင်။
စာရွက်သေးသေးလေးတွေတွေ့ ရင်
ငါတောက်ခေါက်မိတယ်၊
လမ်းပေါ်မှာခွက်ဆွဲပြီး
တောင်းရမ်းနေရရှာတဲ့
အဘိုးအို။အမယ်အိုတွေတွေ့ ရင်
ငါတောက်ခေါက်မိတယ်၊
အသားအရေကမွဲခြောက်ခြောက်
ရွဲနေတဲ့မျက်ဝန်းအစုံ။
လက်ဖျားမှာကစီးကရက်မီးတိုနဲ့ 
ကျောင်းသားအရွယ်။
လူငယ်လေးတွေတွေ့ ရင်
ငါတောက်ခေါက်မိတယ်၊
ဘယ်တုန်းကဘယ်ရွာဆီမှာ
‘သူပုန်’ဆိုတာကိုအကြောင်းပြလို့ 
မတော်မတရား
စော်ကားခံခဲ့ရတဲ့
မိန်းမကြီး။ငယ်တွေတွေ့ ရင်
ငါတောက်ခေါက်မိတယ်၊
အစုလိုက်။အပြုံလိုက်
သတ်ဖြတ်ခံနေရလို့ 
ပြေးလွားပုန်းအောင်းနေကြရတဲ့
တိုင်းရင်းသားမိသားစုတွေတွေ့ ရင်
ငါတောက်ခေါက်မိတယ်၊
ဒီလိုနဲ့ ။ ဒီလိုနဲ့ ပေါ့
ငါ့ တောက်ခေါက်သံတွေဟာ
နေ့ စဉ်နဲ့ အမျှ များပြားလာရင်း။
တစ်နေ့ မှာတော့
အားလုံးစုပေါင်းလို့ 
တုန်ဟဉ်းမြည်ဟိန်းလိုက်တာ
‘အာဏာရှင်စနစ်’ဆိုတဲ့
အဆောက်အအုံကြီး
ပြိုလဲသွားပါရောလား၊
နှစ်ထောင်းအားရ ဖွယ်
ကောင်းလိုက်ပါဘိ၊
(စစ်အာဏာရှင်စနစ်ကျဆုံးပါစေ၊)
အမေသို့ တမ်းချင်း
အမှန်တရားနဲ့ 
လူ့ အခွင့်အရေးအတွက်
တော်လှန်ရေးခရီးကြမ်းဆီ
လျှောက်လှမ်းဖို့  ခြေလှမ်းပြင်ဆဲ
တိုးသဲ့သဲ့ကြားရတဲ့
အမေရဲ့ ငိုသံ။
အသည်းအိမ်ကိုထိခိုက်
နှလုံးသားတို့ မွကြေ
အဆုံးစွန်အထိ
ခံစားခဲ့ရပါတယ်အမေ၊
ဒီစနစ်။ဒီခေတ်ဆိုးကြောင့်
ကျခဲ့ရတဲ့
အမေတို့ မျက်ရည်တွေ
ကြေကွဲရတဲ့
သားသမီးတို့ နှလုံးအိမ်တွေ
ဘယ်လောက်တောင်ရှိခဲ့ပြီလဲ
ပြန်တွေးကြည့်ရင်
ရင်မောပါဘိ၊
ဒီလိုအမေနဲ့ 
ဒီလိုသားသမီးတွေ
ရှေ့ဆက်မပေါ်ဖို့ အရေး
သမိုင်းကြောင်းကိုတွေးလို့ 
သမိုင်းပေးတဲ့တာဝန်
သမီးတို့ ယူရမှာမို့ 
အမေရဲ့ မျက်ရည်ကို
မာန်တင်းကျောခိုင်းရင်း
မပြီးသေးတဲ့
တော်လှန်ရေးခရီးလမ်းဆီ
လျှောက်လှမ်းခဲ့ရတာပါအမေ၊
နောင်တစ်ချိန်အနာဂတ်ရဲ့ 
ဒီမိုကရေစီရ
မြန်မာပြည်မှာ
အမေနဲ့ သမီးတို့ 
ပြန်ဆုံဖို့ အရေး
လှမ်းမျှော်တွေးလို့ 
အမှောင်ထုပြီးဆုံးချိန်
ရောင်နီသန်းတော့မယ်
ယုံကြည်ဆဲ၊
“စစ်အာဏာရှင်စနစ်
ကျဆုံးပါစေ”
တိုက်ပွဲဝင်နွဲကြပါစို့ 
‘မျိုးဆက်ရဲ့ အားမာန်တစ်ခုပါ
လမ်းကြာင်းမှန်ရွေးချယ်ခြင်း’တဲ့
တိုးသဲ့သဲ့သီချင်းသံ
ငါ့ရင်ကိုလာထိခတ်။
အတွေးမှာနစ်မျော
မျက်ဝန်းထဲပေါ်လာသည်က
ငါတို့ မြန်မာမျိုးဆက်သစ်များ။
ငါတို့ ရဲ့ ကံကြမျာ
ငါတို့ ရဲ့ အနာဂတ်
ငါတို့ ရဲ့ တက်လမ်းတွေအတွက်
လမ်းကြောင်းမှန်ရွေးချယ်ခွင့်
ငါတို့ မှာရှိခဲ့ရဲ့ လား၊
ကျူရှင်တက်ကာအောင်လာခဲ့တဲ့
အလယ်တန်း။အထက်တန်း ပညာရေး။
စာခိုးချကာဖြေကြရတဲ့
ယူနီဗာစီတီပညာရေး။
ငါတို့ ရဲ့ ဘ၀လမ်းတွေအတွက်
ကမြာ့အဆင့်အတန်းမှီပညာရေး
ငါတို့ ရခဲကြရဲ့ လား၊
ဘွဲ့ ရထားတဲ့ အလုပ်လက်မဲ့
ဘွဲ့ ရထားတဲ့ကားပွဲစားနဲ့ 
ဘွဲ့ ရထားတဲ့ဘာဘာညာညာ
ငါတို့ ရဲ့ ဘ၀လမ်းတွေအတွက်
ပြည့်စုံဖူလုံစားဝတ်နေရေး။
ငါတို့ ရခဲ့ကြရဲ့ လား၊
ပြောသင့်တဲ့စကားမပြောရဲ
မျက်နှာလေးတောင်မမဲ့ရဲခဲ့
ရှေ့ကြည့်နောက်ကြည့်
အထက်ကြည့်အောက်ကြည့်
ကြောက်လိုက်ရတဲ့လူအထွေထွေ။
ငါတို့ ရဲ့ ဘ၀လမ်းတွေအတွက်
ရသင့်ရထိုက်တဲ့
လူ့ အခွင့်အရေး
ငါတို့ ရခဲ့ကြရဲ့ လား၊
‘ဒီမိုကရေစီဆိုတာ
ကိုယ့်ကြမျာကိုယ်ဖန်တီးနိုင်တဲ့
အခွင့်အရေးတစ်ခုပါ’တဲ့။
တောင်ကြီးမြို့လူထုကို
အန်တီစုမိန့် ခွန်းခြွေခဲ့။
အဖြေကတော့ရှင်းပါပြီ၊
ငါတို့ ရဲ့ ကံကြမျာတွေ
ငါတို့ ရဲ့ ရှေ့တက်လမ်းတွေ
ငါတို့ ရဲ့ မျှော်မှန်းချက်တွေ။
ဒါတွေအတွက်လုပ်ပေးနိုင်တာ
ဒီမိုကရေစီလမ်းကြောင်းမှတပါး
တစ်ခြားအရာမရှိ၊
ဒီလမ်းကြောင်းကိုဖော်ဆောင်ဖို့ 
လူအခွင့်အရေးတွေရလာဖို့ 
အမျိုးသားရေးဇာတိမာန်
မျိုးဆက်သစ်တို့ အားမာန်တွေနဲ့ 
ခွပ်ဒေါင်းအလံကိုကိုင်စွဲ
တိုက်ပွဲဝင်နွဲကြပါစို့ ၊
အမေ့မှာစကား
(မြန်မာ့ဒီမိုကရေစီတော်လှန်ရေးမိခင် ဒေါ်
အောင်ဆန်းစုကြည်သို့အမှတ်တရ)
‘နိုင်ငံရေးဆိုတာ
လူတိုင်းလူတိုင်းနဲ့ ဆိုင်တယ်။
စီးပွားရေးဟာလဲ
နိုင်ငံရေးပါပဲ’လို့ 
မိန့် ကြားခဲ့တဲ့အမေရယ်။
ချွတ်ခြုံကျနေတဲ့
နအဖစီးပွားရေးစနစ်အောက်က
ပြည်သူတွေဘ၀အတွက်
ရတက်မအေးများ
ဖြစ်နေရှာရော့သလား၊
‘ကိုယ်နေချင်တဲ့အိမ်ကို
ကိုယ်ဆောက်ရမှာဖြစ်တယ်။
ကိုယ်နေချင်တဲ့အိမ်
ကိုယ်ဆောက်ရလို့ 
ပင်ပန်းတယ်။မောတယ်လို့ 
မထင်ပါနဲ့ ’လို့ 
မှာကြားခဲ့တဲ့အမေရယ်။
မပြီးပြတ်သေးတဲ့
ဒီမိုကရေစီအိမ်လေး
တည်ဆောက်ရေးအတွက်
အားပေးစကားများ
ဖြစ်နေလေရော့သလား၊
‘လှေတစ်စင်းကိုလှော်ရင်
လှော်တဲ့လူကနှစ်ယောက်။
စီးတဲ့လူက
တစ်ရာကိုးဆယ့်ရှစ်ယောက်။
ဆိုရင်တော့
မြန်မြန်ရောက်ဖို့ မလွယ်ဘူး။
အရှူံးမပေးတဲ့စိတ်
အနိုင်မခံ။အရှုံးမပေးတဲ့စိတ်မျိုး။
မွေးမြူကြပါ’ရယ်လို့ 
မြွက်ကြားခဲ့တဲ့အမေရယ်။
လမ်းဆုံးအောင်လျှောက်နိုင်ဖို့ 
တွန်းအားလေးတွေများ
ပေးနေလေရော့သလား၊
‘နိုင်ငံအပေါ်မှာတကယ်ပဲ
စေတနာရှိတဲ့သူများဟာ
နိုင်ငံအတွက်တကယ်
အကျိုးရှိမယ့်
လုပ်ရပ်တွေကို
စပြီးဆောင်ရွက်ကြပါလို့ 
ကျွန်မမေတျာရပ်ခံချင်ပါတယ်’တဲ့။
အမေ့ရဲ့ မှာစကား
ရင်မှာထာဝစဉ်ထားလို့ 
နိုင်ငံတော်ကောင်းစားစေမယ့်
ဒီမိုကရေစီအရေး
လူ့ အခွင့်အရေး။
ဖယ်ဒရယ်မူအရေး
ဖွံ့ ဖြိုးတိုးတက်ရေးတွေအတွက်
တိုက်ပွဲဝင်နေဆဲပဲအမေ၊
စောင့်မျှော်နေကြသူများ
(၁)
၂၀၀၃ ခုနှစ်ရဲ့
ပူပြင်းသော
နွေတစ်ခုဆီမှာပေါ့၊
(၂)
‘မေမေရေ
ကျွန်တော်ဒေါ်စုရဲ့
ခရီးစဉ်ကို
လိုက်ပို့လိုက်ဦးမယ်၊
စိတ်မပူနဲ့နော်
သားပြန်လာမှာ’တဲ့။
ပြောပြောဆိုဆိုနဲ့
ဆိုင်ကယ်လေးထုတ်ပြီး
ထွက်ခွာသွားတဲ့သား၊
ဒီသားလေးပြန်အလာကို
သားပျောက်လို့
အိပ်ယာထဲ
ဘုန်းဘုန်းလဲနေတဲ့
အမေတစ်ယောက်က
စောင့်မျှော်နေရှာတယ်၊
(၃)
‘ညီမလေးရေ။
အစ်ကို။
အန်တီရဲ့
ခရီးစဉ်မှာ
လိုက်သွားဦးမယ်။
စာတွေဘယ်လောက်ခက်ခက်
တိုင်းပြည်အတွက်ဆိုပြီး
ကြိုးစားဖတ်နော်။
ပြန်ရောက်ရောက်ချင်း
ညီမလေး
ဟဲင်းဖုန်းကို
လှမ်းဆက်လိုက်မယ်’တဲ့။
မကြာခင်လပိုင်းအတွင်းမှာ
လက်ထပ်ဖို့စီစဉ်ပြီးသား။
ဖိတ်စာရိုက်ထားတဲ့
သတို့သားလောင်းလေးက
ရေခြားမြေခြားမှာ
ခေတ္တပညာသင်နေတဲ့
သူ့ချစ်သူ
သတို့သမီးလောင်းလေးကို
ဖုန်းနဲ့လှမ်းပြောတယ်၊
အဲဒီချစ်သူရဲ့
ဖုန်းသံလေးကို
ညအိပ်ရင်တောင်
ဟဲင်းဖုန်းလေး
ရင်ဘတ်ပေါ်တင်အိပ်ပြီး
သုံးနှစ်သုံးမိုးမက
ငါးနှစ်ငါးမိုး
ချစ်ခဲ့ကြတဲ့
ကောင်မလေးတစ်ယောက်က
စောင့်မျှော်နေရှာတယ်၊
(၄)
‘မိန်းမရေ။
ညနေယာခင်းက
အပြန်ကျရင်
ဗိုလ်ချုပ်သမီးကို
ရွာရှေ့က
သွားကြိုလိုက်ဦးမယ်။
ငါမိုးချုပ်ရင်
စိတ်မပူနဲ့’တဲ့၊
ခင်ပွန်းသည်
ယာသမားကြီးက
ပြောသွားတယ်၊
အဲဒီယာသမားကြီး
ပြန်အလာကို
ညနေချိန်တိုင်း
လည်တဆံ့ဆံ့နဲ့
ငယ်ကပေါင်း
အနှစ်တသောင်း
မမေ့ကောင်းတဲ့
ဇနီးသည်ကြီးက
စောင့်မျှော်နေရှာတယ်၊
(၅)
‘သမီးလေးရေ။
မေမေ သည်ခရီးက
ပြန်လာရင်
သမီးလေးအတွက်
အညာဇီးပေါင်းတွေ
ဝယ်လာခဲ့မယ်’တဲ့၊
အိမ်ကအထွက်မှာ
သုံးနှစ်အရွယ်
သမီးငယ်လေးကို
ဖက်ရမ်းနမ်းရှုတ်ပြီး
မိခင်တစ်ယောက်က
ပြောသွားတယ်၊
အဲဒီအမေ
ဇီးပေါင်းထုတ်လေးနဲ့
ပြန်လာမယ့်ရက်ကို
လက်ချိုးရေတွက်ပြီး
ကလေးငယ်လေးတစ်ယောက်က
စောင့်မျှော်နေရှာတယ်၊
(၆)
‘ယုံကြည်မှု
တည်ဆောက်ရမယ်’တဲ့။
ဇာတ်ဆရာတို့ရယ်။
ကျွန်မတို့အားလုံး
တကယ်ကို
ယုံကြည်ခဲ့ကြပါတယ်၊
‘သင်ပုန်းချေရမယ်’တဲ့။
ဇာတ်ဆရာတို့ရယ်
ဘယ်လောက်ပဲ
ခါးသီးတဲ့
နာကြည်းချက်တွေရှိရှိ
တိုင်းပြည်အတွက်ပဲဆိုပြီး
သင်ပုန်းချေခဲ့ကြပါတယ်၊
ဒါပေမယ့်
နအဖအစိုးရဟာ
ဒီစကားလုံးတွေနဲ့
မတန်လောက်အောင်ကို
ယုတ်မာရိုင်းစိုင်း
အောက်တန်းကျခဲ့တဲ့
အစိုးရ။
ယုံကြည်ခဲ့သူတွေ
သင်ပုန်းချေခဲ့သူတွေကို
ဒီပဲယင်းလူသတ်ကွင်းနဲ့
ရက်ရက်စက်စက်
လူမဆန်စွာ
တုန့်ပြန်ခဲ့တဲ့
အစိုးရ၊
(၇)
ရလာဒ်ကတော့
အိမ်ပြန်လာမယ့်သား။
အိမ်ပြန်လာမယ့်ယောက်ျား။
အိမ်ပြန်လာမယ့်အမေ။
ဖုန်းဆက်လာမယ့်
ချစ်သူတွေကို
စောင့်မျှော်နေကြသူများ၊
(မှတ်ချက်၊ မျက်ရည်များနဲ့။ ရေးခဲ့တဲ့ ကဗျာ။
စောင့်မျှော်နေသူများရဲ့ ကျိန်စာကြောင့်။ နအဖစစ်အစိုးရ
ပြုတ်ကျပါစေသား၊ စစ်အာဏာရှင်စနစ်။ အဆုံးသတ်ပါစေသား၊)
အိပ်မက်
ညကအိပ်မက်တစ်ခုမက်တယ်။
အိပ်မက်ထဲမှာတော့
ငါဟာဇာတ်ကောင်တစ်ယောက်ပေါ့၊
ဆေးရုံကိုခဏရောက်တယ်
ဆေးဝါးတွေပြည့်စုံလို့ပါလား။
သမားခပေးဖို့မေးတော့
င်္Free of Charge’ တဲ့၊
စာသင်ကျောင်းလဲ
အလည်ရောက်ရဲ့။
အံ့သြစရာ
စာမေးပွဲမှာ
ကူးမချဘူးတဲ့လေ၊
ရုံးတစ်ရုံးကို
ရောက်သွားပြန်ရော။
မယုံနိုင်စရာ
လက်ဖက်ရည်ဖိုးမယူဘူးဆိုပဲ၊
အိုလြှုပ်လှုပ်ရွရွနဲ့
လူတွေဘာလုပ်နေပါလိမ့်။
မဲရုံမှာမဲသွားပေးနေကြပါလား၊
သည်အချိန်မှာတင်
ဆူညံတဲ့နှိုးစက်သံနဲ့
ငါနှိုးထလာခဲ့၊
အလို-ငါအိပ်မက်မက်နေတာပဲ။
အိပ်မက်လေးရယ်
နှမျောမိတယ်၊
နောက်ဆုံးထွက်သက်နောက်ဆုံးထွက်သက်
နောက်ဆုံးထွက်သက်နောက်ဆုံးထွက်သက်
ဝင်သူဝင်
ထွက်သူထွက်။
ထိုင်သူထိုင်
ငိုင်သူငိုင်နဲ့။
ဒီတော်လှန်ရေး
ခရီးရှည်ထဲမှာ
နောက်ဆုံးထွက်သက်အထိ
ယုံကြည်ချက်အလံကို
ကိုင်စွဲရင်း
အလံမလှဲစတမ်း
ရင်မှာစိုက်ထူထားခဲ့သူ၊
ကိုးဆယ့်ရှစ်ခုရဲ့
တစ်ခုသော
နွေကာလဆီက
‘အကျဉ်းသားထု
အခွင့်အရေး
အပြည့်အ၀ရရှိရေး
‘အကျဉ်းသားထု‘
အခွင့်အရေး
’ကာကွယ်ရေး’
တောင်းဆိုချက်တွေနဲ့
အစာငတ်ခံ
တိုက်ပွဲဝင်ရင်း။
ရန်သူ့အစာသွင်းပိုက်
ဆေးထိုးပိုက်တွေကို။
နောက်ဆုံးကျန်
ခွန်အားတို့နဲ့
ဆွဲဖြုတ်ပစ်တဲ့သူ၊
‘အစာစားမလား။‘
သခံမလား’တဲ့။
လူမဆန်စွာ
ခြိမ်းခြောက်တဲ့စကားကို
ယုံကြည်ချက်
သစဏာတရားတို့နဲ့
ခေါင်းခါယမ်းတုံ့ပြန်ခဲ့တဲ့သူ၊
သူဆိုသည်ကား-
ရဲဘော်ကိုအောင်ကျော်မိုး
(သို့မဟုတ်)
နောက်ဆုံးထွက်သက်အထိ
ုယုံကြည်ချက်အလံကို
လွင့်ထူခဲ့တဲ့သူရဲကောင်း၊
စစ်အာဏာရှင်တို့ရေ-
ဒီမိုကရေစီ
တော်လှန်ရေးဆိုတာ
သည်လိုသူရဲကောင်းတွေရဲ့
နှလုံးသွေးစက်တွေနဲ့
တည်ဆောက်ထားတဲ့အရာ။
လူထုထဲကလာတဲ့
လူထုရဲ့နှလုံးသည်းပွတ်၊
ဘာမဟုတ်တဲ့
အပေါ်ယံ
အခွင့်အရေးတွေအတွက်
လူ့သိကျာကို
ရောင်းစားတတ်သူတို့
ဆွမ်းဆန်ထဲ
ကြွက်ချေးရောကာ
ရှိနေတတ်ပေမယ့်
နောက်ဆုံးထွက်သက်အထိ
ဒူးမထောက်
အညံ့မခံ
ယုံကြည်ချက်အလံကို
စွဲကိုင်ထားတဲ့
ကိုအောင်ကျော်မိုးတို့လို
သူရဲကောင်းတွေလဲ
ရှိနေတတ်တယ်ဆိုတာ
မင်းတို့ဘယ်တော့မှ
မမေ့နဲ့၊
သူရဲကောင်းတွေ
ရှိနေတဲ့တော်လှန်ရေး
ဘယ်တော့မှ
ကျဆုံးရိုး
ထုံးစံမရှိ၊
တစ်နေ့သော
ကာလဆီမှာတော့
ပန်းတိုင်သို့
ရောက်ရမည်မလွဲပါ၊
(၁၉၉၈ခု။ မေလ ၁၃ ရက်နေ့တွင် အစာငတ်ခံ တိုက်ပွဲဝင်ရင်း
ကျဆုံးသွားခဲ့သော။ သူရဲကောင်းရဲဘော် ကိုအောင်ကျော်မိုးအား
ဤကဗျာဖြင့်ဦးညွတ်ပါ.၊)
ကြွေလွင့်သွားသောကြယ်တစ်ပွင့်သို့
နှစ်ထောင့်ခုနစ်ခုနှစ်ရဲ့
နှစ်ဦးကာလ
ဇန်န၀ါရီလမှာ
ကမ္ဘာမြေပေါ်က
အစားထိုးရန်ခက်တဲ့
ကြယ်တစ်ပွင့်
လွင့်ကြွေသွားတယ်၊
ဒီကြယ်ပွင့်အမည်ကတော့
ကလောင်ကိုင်စွဲ
တိုက်ပွဲနွဲတဲ့
အမှန်တရားလက်ကိုင်
တိုင်းချစ်ပြည်ချစ်
ကဗျာဆရာအစစ်ကြီးတစ်ယောက်။
သူ့အမည်ကြားရင်
မသိတဲ့လူမရှိ
သူ့စေတနာဆိုရင်
အသိအမှတ်မပြုသူမရှိ
လူအများက
တရိုတသေ
ဝိုင်းဆက်ဆံခံရလဲ
မာနကင်းစွာနဲ့
ရိုးသားတဲ့မျက်နှာပိုင်ရှင်
ဆရာကြီးဦးဘဂျမ်း
(သို့မဟုတ်)
ကဗျာဆရာကြီးတင်မိုးပါတဲ့၊
ပြောလိုက်စမ်းပါ
မိတ်ဆွေတို့ရယ်
ဒီသတင်းဟာ
ကောလဟလသတင်းတစ်ခုပါလို့။
ကြားစမှာငါမယုံ
သြော်အြခုတော့လဲ
မယုံချင်ပဲ
ယုံလိုက်ရပါပကော၊
ငါရဲ့နားထဲမှာတော့လေ။
‘ဒီမိုကရေစီရရင်
မြန်မာပြည်
ချက်ချင်းပြန်မယ်’ဆိုတဲ့
ဆရာကြီးရဲ့စကား
အကြိမ်ကြိမ်ပြန်ကြားနေဆဲ၊
‘ဆေးလိပ်လဲတို
နေလဲညိုပြီ
ငါ့ကိုပြန်ပို့ကြပါလေ’ဆိုတဲ့
ဆရာကြီးရဲ့
‘ဧည့်သည်ကြီး’ကဗျာလေးကလဲ
တော်လှန်ရေးဆင်နွဲရင်း
အဝေးရောက်နေကြရတဲ့
ငါတို့ရဲ့ ‘ဧည့်သည်’
ဘ၀တွေကို
မီးမောင်းထိုးပြနေဆဲ၊
ဆရာကြီးရယ်
ဆရာကြီးနွဲခဲ့တဲ့
ဒီမိုကရေစီတိုက်ပွဲ
အောင်ပွဲနဲ့အတူ
အဆုံးသတ်စေဖို့။
ဆရာကြီးရဲ့
စိတ်ဓာတ်အမွေတွေ
လက်ဆင့်ကမ်းပါလို့
မလျှော့သောဇွဲလုံ့လတွေ
ရှိနေကြဆဲဆိုတာ
တမလွန်ဘ၀က
ဆရာကြီးတွေ့မြင်နိုင်ပါစေလို့
ဆုတောင်းရင်း၊
(ဆရာကြီးကောင်းရာသုဂတိလားပါစေ)
နှစ်ကူးအတွေးနှစ်ကူးအတွေး
‘ဒီနှစ်ကူးမှာဘာတွေလုပ်မှာလဲ’တဲ့
အင်တာနက်စာမျက်နှာပေါ်က
စစ်တမ်းလေးတစ်ခု။
ရွေးစရာအဖြေကို
ငါလိုက်ရှာမိတယ်၊
အပြင်ထွက်မှာလား။
အရက်သောက်မှာလား။
သူငယ်ချင်းတွေနဲ့ကဲမှာလား။
မိသားစုနဲ့အချိန်ပေးမှာလား။
လားလြားလြား
အိုစြုံလိုက်တဲ့လားပေါင်းများစွာ။
ငါဘာကိုရွေးချယ်ရမှာလဲ၊
‘ငါကကောဘာကို
လုပ်ချင်တာတဲ့လဲ’
ငါ့ဘာသာပြန်မေးမိတော့
ငါချစ်တဲ့အမိမြေက
ငါချစ်တဲ့လရောင်လေးကို
ပြန်တမ်းတမိ၊
အိုဒြီလရောင်လေးအောက်မှာ
တိုင်းရင်းသားညီအစ်ကိုလေးတွေနဲ့အတူ
အပူအပင်ကင်းစွာကျင်းပတဲ့
ထမင်းဝိုင်းလေးတစ်ခု
ငါလုပ်ချင်လိုက်တာ၊
ပြီးတော့ကလေးလေးတွေ
ပျော်ရွင်စွာကနေကြတဲ့
ကပွဲဝိုင်းလေးတစ်ခု။
ပြီးတော့နှစ်သစ်မှာ
‘ငါတို့တိုင်းပြည်ကြီး
တိုးတက်လာအောင်
ဘာတွေလုပ်ကြမလဲ’ဆိုတဲ့
စကားဝိုင်းလေးတစ်ခု။
ပြီးတော့လေ-
ဂစ်တာအိုလေးတစ်လက်နဲ့အတူ
ကိုမွန်းအောင်ရဲ့
‘ကမ္ဘာမကြေဘူး’သီချင်းလေးကို
သံပြိုင်သီဆိုရင်း
တော်လှန်ရေးမှာ
ကျဆုံးသွားတဲ့
ရဲဘော်တွေအတွက်
ဆုတောင်းပွဲလေးတစ်ခု၊
အလို-လက်တွေ့မှာတော့
လုပ်ချင်တာနဲ့လုပ်ရမှာက
တခြားစီဖြစ်လို့။
နအဖစနစ်ဆိုးကြောင့်
ငါတို့ညီအစ်ကို
တိုင်းရင်းသားတွေ
ကြောက်ရွံ့ခြင်းများစွာနဲ့
ပြေးလွားပုန်းအောင်းနေကြရပါလား။
ငါတို့ရဲ့ပြည်သူတွေ
စိုးထိတ်ခြင်းများစွာနဲ့
စကားဟဟတောင်
ပြောကြားခွင့်မရကြပါလား၊
အပူအပင်ကင်းတဲ့
ထမင်းဝိုင်းလေးရယ်
ဘယ်တော့များမှ
ကျင်းပခွင့်ရကြမှာလဲ၊
အနာဂတ်မဲ့နေတဲ့
ကလေးလေးတွေရယ်
ဘယ်တော့များမှ
ဒီဘ၀ဆိုးက
လွတ်မြောက်ကြမှာလဲ၊
ဖိနှိပ်မှုအောက်က
အနင်းခံပြည်သူတွေရယ်
ဘယ်တော့များမှ
လွတ်လပ်ပွင့်လင်းစွာ
ကိုယ်ပိုင်ဆနတြွေကို
ဖော်ထုတ်ခွင့်ရကြမှာလဲ၊
တော်လှန်ရေးအဆက်ဆက်မှာ
အသက်ပေးခဲ့ရတဲ့
ရဲဘော်အပေါင်းရယ်
ဒီမိုကရေစီစနစ်ကြီး
ငါတို့တိုင်းပြည်မှာ
ထွန်းကားနေပြီလို့
ဘယ်တော့များမှ
မင်းတို့ကို
ပြောပြခွင့်ရမှာလဲ၊
အတွေးတွေနဲ့အတူ
ငါဆောက်တည်ရာမဲ့။
အင်တာနက်စစ်တမ်းလေးရေ
ရွေးစရာအဖြေ
ငါ့မှာမရှိလို့
Vote မလုပ်နိုင်တာ
ခွင့်လွတ်ပါကွာ၊
အဆုံးသတ်တိုက်ပွဲ နှင့် အခြားကဗျာများကဗျာများ မှ ကူးယူ မှတ်တမ်းတင်သည်။
No comments:
Post a Comment