Pages

Tuesday, July 17, 2007

ဒီဘလော့ဂ်ရဲ့ ရည်ရွယ်ချက်...


ဘလော့ဂါညီအစ်ကို မောင်နှမတို့ရေ…

အခုလုပ်မယ့် အစီအစဉ်ကတော့ မြန်မာနိုင်ငံရဲ့ နေ့ထူးနေ့မြတ်များကို ဂုဏ်ပြုတဲ့အနေနဲ့ ဘလော့ဂါများက မိမိတို့ရေးထားတဲ့ ပို့စ်လေးများကို ဖြစ်စေ၊ အသစ်ရေးသားပြီး ပို့စ်လေးများကို ဖြစ်စေ တစ်နေရာတည်းမှာ စုစည်းဖော်ပြဖို့ အစီအစဉ်ပါပဲ.

ဥပမာဗျာ. အာဇာနည်နေ့ မကြာခင်ရောက်လာတော့မယ်. အာဇာနည်နေ့ဆိုတာကို မေ့မေ့ပျောက်ပျောက် ဖြစ်အောင် အလုပ်ခံထားရတဲ့ အခြေအနေမှာ မျိုးချစ်ဘလော့ဂါများက မိမိတို့ သိသမျှတတ်သမျှနဲ့ ငုပ်လျှိုးကွယ်ပျောက်လု ဖြစ်နေတဲ့ အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို နှိုးဆော်ထုတ်ဖော်နေကြတာ တွေ့ရပါ လိမ့်မယ်. သူတို့ရေးထားတဲ့ ပို့စ်လေးတွေကလည်း ကောင်းမှကောင်း၊ တင်ထားပေးတဲ့ ဓာတ်ပုံလေးတွေကလည်း တကယ့်ကို ရှားပါးဓာတ်ပုံလေး တွေပါပဲ.

အဲဒါလေးတွေကို တကွဲတပြားစီ လိုက်ဖတ်နေရတာ လွတ်သွားတာတွေ အများကြီး ရှိနိုင်သလို နောင်တစ်ချိန် လိုအပ်လို့ ကိုးကားချင်လာရင်လည်း ပြန်ရှာဖို့ မလွယ်တော့ပါဘူး. ဒါကြောင့် အဲဒီ့ပို့စ်လေးတွေကို တစ်နေရာတည်းမှာ ဖော်ပြထားလိုက်ခြင်းအားဖြင့်

(၁) အချိန်မကုန်ဘဲ တစ်နေရာတည်းမှာ အကြောင်းအရာတစ်ခုကို စုံလင်အောင် ဖတ်ရှုနိုင်တယ်

(၂) လိုအပ်ရင် ကိုးကားနိုင်အောင် ကျမ်းညွှန်းတစ်ခုလို အသုံးချနိုင်တယ်

(၃) ဘလော့ဂါတွေ အချင်းချင်း ဆက်သွယ်မှု ကွန်ယက်ပိုကောင်းလာမယ်. ပိုပြီးလည်း ညီညွတ်လာမယ်

(၄) ပြတ်ကျသွားခဲ့တဲ့ မျိုးဆက်ကို ပြန်လက်တွဲခေါ်နိုင်မယ်.

(၅) စာပေဗဟုသုတ ဟင်းလေးအိုးကြီး ပမာ ဖြစ်လာလိမ့်မယ်

တစ်ခြားတစ်ခြားသော ရည်ရွယ်ချက်ကောင်းတွေ အများကြီး ရှိပါသေးတယ်. ဒါတွေကို တစ်ခုချင်းလိုက်ရေးနေစရာ မလိုတော့ပါဘူး. ပင်မရည်ရွယ်ချက် (၅) ခုကိုပဲ ရေးပြလိုက်တာပါ.

ဒီတော့ ဘယ်လိုဝင်ရေးနိုင်မလဲ…

(၁) မိမိတို့ရဲ့ Gmail နဲ့ ဘလော့ဂ်နာမည်ကို ဒီပို့စ်ရဲ့ ကော်မန့်မှာ ၀င်ရေးပေးပါ. Author အနေနဲ့ Add လုပ်ပေးပါမယ်

(၂) Add လုပ်ပေးလိုက်တဲ့ Author များစာရင်းကို ဒီကော်မန့်အောက်မှာ ပြန်ပြီး update လုပ်ပေးပါမယ်. နီးစပ်ရာ Cbox များမှာလည်း ဒီအကြောင်းကို ကြော်ငြာပေးကြပါ

(၃) မိမိတင်လိုက်တဲ့ ပို့စ်လေးများကို မိမိဖာသာ Backup လုပ်ပေးထားပါ. Label ကိုလည်း တစ်ခုခုပေးထားပေးပါ. တကယ်လို့ တစ်စုံတစ်ရာသော အကြောင်းကြောင့် စုပေါင်းဘလော့ဂ်လေး ပျက်သွားခဲ့ပြီး အသစ်ပြန်လုပ်ခဲ့ရရင် အလွယ်တကူ ပြန်ရှာတွေ့နိုင်အောင်လို့ပါ.

စည်းကမ်းချက်များ

(၁) ပို့စ်များအားလုံး တစ်ပြေးညီဖြစ်နေစေရန်အတွက် မိမိတို့တင်သော ပို့စ်များကို အရောင်မသုံးဘဲတင်ပေးပါ

(၂) Label ကို တစ်မျိုးတည်းပေးပါ (ဥပမာ အာဇာနည်နေ့.)

(၃) Communication အတွက် ပို့စ်အောက်ဆုံးတွင် မိမိနာမည်နှင့် ဘလော့ဂ်လိပ်စာ ထည့်ပေးနိုင်က ထည့်ပေးပါ

(၄) မိမိရေးသားသော စာကို မိမိကိုယ်တိုင် တာဝန်ယူပါ. တစ်ဦးနှင့်တစ်ဦး ရှုတ်ချပြောဆို ရေးသားမှုများအား လက်ခံမည် မဟုတ်ပါ.

(၅) ကော်မန့်များတွင် ၀င်ရေးသောအခါ တစ်ဦးနှင့်တစ်ဦး လေးစားမှုကို ပြသစေလိုပါသည်. ငြင်းခုန်လျှင်လည်း ပညာတတ်ပီသစွာ ချက်ကျလက်ကျ ငြင်းခုန်စေလိုပါသည်.

လောလောဆယ် ဒီလောက်ပါပဲ.

အာဇာနည်နေ့ကို စပြီး ကြိုဆိုလိုက်ကြရအောင်လားဗျာ. ပြီးရင်တော့ နောက်ထပ် နေ့ထူးနေ့မြတ်တွေ လာဦးမယ်.

5 comments:

Mg Yin said...

M.Y

Adminstrator said...

ကိုမောင်ရင်ကို Add လိုက်ပါပြီ. ပို့စ်တွေ စတင်နိုင်ပါပြီ ခင်ဗျာ.

ကျော်လင်းထွန်း said...
This comment has been removed by the author.
ကျော်လင်းထွန်း said...

အိပ်ပျော်နေသူမ ဖတ်ရ
နာမည်အရင်ခေါ်ရင် မထူးကြေး၊
အတုတွေများတဲ့ခေတ်မှာ ကိုယ့်ကိုယ်ကိုယ်အစစ်ဖြစ်ကြောင်းအာမခံတယ်
သမားတုတွေကိစွှ၊
ဘုရားက ဘုရားအလုပ် လုပ်တယ်
လူတွေကကိုယ့်အလုပ်ကိုယ်မလုပ်ဘူး
ဟေ့.......ငါကတော့
မမှန်ဘူးထင်ရင်ငြင်းဆန်တယ်
ယုံကြည်သူနဲ့ ပူးပေါင်းမယ်
သေတာမှတိကျမယ်ဆိုရင်
မရေရာတဲ့ရှင်သန်မူ့ ကိုရံတယ်
မေတ္တာအကြောင်းမပြောဘူး
လုပ်ခဲ့သမျှကိုပဲတာဝန်ယူတယ်
ကိုယ့်ထမင်းကိုယ်စားပြီး
အေးအေးနေသူတွေကြားမှာ
ငါရပ်တည်မနေတာလွဲလို့ ။ ။မှတ်ချက်...........မိုးသောက်ကြယ်

ကျော်လင်းထွန်း said...

အဖတာရှိရင်ဒီလိုစနစ်ဆိုးကြီးကိုကြုံရမှာမဟုတ်

ကျွန်တော်ကတော့ခလေးဆိုတော့ခလေးအတွေးနဲ့ပဲပြော
တော့မယ်.....ဗိုလ်ချုပ်အောင်ဆန်းကလွတ်လပ်ရေး ရ အောင်လုပ်သွားပြီးပြီမဟုတ်လား ဘာဖြစ်လို့ကျွန်တော် တို့တမျိုးသားလုံးကိုလူလူချင်းသတ်ဖြတ်တာ........... လူလူချင်းနိပ့်စက် တို့ကိုခံစားနေကြရတာလဲ............အခုလူတွေဘယ်ရောက်ကုန်ပြီလဲဘယ်ကိုခေါ်သွားကြ
တာလဲဘယ်တော့များပြန်ပို့ကြမှာလဲပြန်ကောပို့ကြမှာ
လားငါ့အဖေကိုလည်းသူတို့ခေါ်သွားကြတယ်ဒါဆိုငါက
ဖခင် မဲ့ခလေးဖြစ်ပြီပေါ့ငါလိုမျိုးဖခင်မဲ့ခလေးတွေဘယ် နှစ်ယောက်တောင်ရှိကုန်ပြီလဲသူတို့ကောအားငယ်နေကြမလား အားမငယ်ကြပါနဲ့ ဗိုလ်ချုပ်တာရှိရင်ဒီလိုမျိုးဖြစ်မှာ
မဟုတ်ဘူး.... အခုချိန်မှာဗိုလ်ချုပ်ကိုပိုတမ်းတတယ်.....

တမလွန်ဘ၀ကနေ သွေးစွန်းနေတဲ့နိုင်တော်ကြီးကို ကြည့်နေမလားဗိုလ်ချုပ်ရယ်............................