Pages

Thursday, July 19, 2007

အာဇာနည်နေ့



နှစ် ၆၀ တိုင်ခဲ့ပေပြီ...
အာဇာနည်နေ့ ဆိုတဲ့ အသံကို ကြားလိုက်မိတိုင်း တကိုယ်လုံး သွေးတွေဆူပွတ်လို့ ကြက်သီးတဖြန်းဖြန်း ထခဲ့ရပါတယ်။ လူမှန်းသိတက် တဲ့ အရွယ်ထဲက ဇူလိုင်၁၉ အာဇာနည်နေ့ ရောက်တိုင်း ၀မ်းနည်းစိတ်နဲ့ ဘာမှာ လုပ်ချင်စိတ်မရှိ ဖြစ်ခဲ့ရပါတယ်။

ကျွန်တော်တို့ ငယ်ငယ်ကဆို အာဇာနည်နေ့ ဗိုလ်ချုပ်တို့ ကျဆုံးချိန်မှာ ရန်ကုန်မြစ်အတွင်းက သင်္ဘောတွေရဲ့ ဥသြဆွဲသံ၊ ဒလသင်္ဘောကျင်းမှ ဥသြဆွဲသံ တွေနဲ့ အတူ မြန်မာ့အသံက လာနေကြ "ဗိုလ်အောင်ဆန်း" သီချင်းကို နားဆင်မိတိုင်း ငိုကြွေးခဲ့ရပါတယ်။ ခုဒီပိုဒ့်ကို ရေးနေချိန်မှာလည်း ကျွန်တော့ မျက်ဝန်းမှာ မျက်ရည်စို့လို့ ရင်ထဲမှာ ငိုနေခဲ့ပါတယ်။
ကျွန်တော်အရွယ်ရောက်လာတဲ့ အချိန့် အာဇာနည်နေ့မှာတော့ ဥသြဆွဲဖို့ဝေး၊ တေးဆိုဖို့ ခွင့်မရလို့ မေ့ကြအောင် ကြံဆောင်ခံနေရပါပြီ။ ဘာကြောင့်လဲ.... တမျိုးသားလုံးအတွက် ကိုယ်ကျိုးစွန့်လို့ နောက်ဆုံး အသက်ပါပေးခဲ့တဲ့ အာဇာနည်ဖခင်ကြီးတွေကို ဘာ့လို့ မေ့ခိုင်းနေကြတာလည်း။ ဘာလည်း....၊ ဘာ့အတွက်လည်း....၊ တောက့်!!!

ခုခေတ်မှာ မွေးလာကြသူတွေအတွက် မိဘတွေရဲ့ အကူအညီနဲ့ ပြောဆိုမှုတွေသာ မရှိတော့ဘူးဆိုရင် နောင်တချိန်မှာ အာဇာနည်နေ့ဆိုတာ ပျော်စရာ ရုံးပိတ်ရက် အဖြစ်သာကျန်နေတော့မှာ။ ဒီအဖြစ်တွေကို ဘယ်လို ကာကွယ်မလဲ??????. တကယ်ဖြစ်သင့်တာက အာဇာနည်နေနဲ့ ပတ်သက်တာတွေ၊ အာဇာနည်ကြီးတွေရဲ့ အကြောင်းတွေကို အခြေခံကျောင်းတွေက စပြီး ဟောပြောချက်တွေ သင်ခန်းစာတွေ အဖြစ်ပို့ချပေးရမှာ။ ခုတော့..........................
........................
........................
ကဲ.. ဒီတော့ ကျွန်တော်တို့ ဘာတက်နိုင်မလဲ.. တက်နိုင်တဲ့ ဘက်ကနေ့တော့ အာဇာနည်နေ့ နဲ့ အာဇာနည်နေ့ရဲ့ အနှစ်သာရတွေကို မပျောက်ပျက်အောင် ဆောင်ရွက်ကြရပါမယ်။ နောင်လာနောင်သားတွေ အတွက် လမ်းတွေဖောက်ပေးရမယ်။ ခုလို ဘလော့ ညီအကို မောင်နှမတွေ စုစုစည်းစည်းနဲ့ အာဇာနည်နေ့ အတွက် လှုပ်ရှားနေတာတွေအတွက် အလွန်ကို ဂုဏ်ယူမိပါတယ်။ ကိုယ့်ရဲ့ ညီငယ်၊ မောင်နှမတွေကိုလည်း အာဇာနည်နေ့နဲ့ ပတ်သက်ပြီး ဆွေးနွေးပြောပြစေချင်ပါတယ်။
နောက်ဆုံးပြောချင်တာ တခုကတော့ မနက်ဖြန်အာဇာနည်နေ့မှာ.. သူငယ်ချင်းတို့ စွမ်းသလောက် အလှူဒါနပြုပြီး အာဇာနည်ကြီးတွေအတွက် အမျှဝေရင်း ကျွန်တော်တို့ မြန်မာနိင်ငံကြီး အမြန်ဆုံး လွတ်မြောက်စေဖို့ တောင်းဆု ပန်ကြပါလို့......
ကျွန်တော်ကတော့ မနက်ဖြန်မှာ ၀ါဆိုသင်္ကန်းကပ်လို့ အမျှပေးဝေပါမယ်....

tzm (18_07_07)


No comments: